05 Sept 2019
Digital ခေတ်ထဲမှာ လုပ်ငန်းတိုင်းနီးပါး Digital Platform တွေပေါ်မှာ လုပ်ငန်းလုပ်ကိုင်လာကြပါတယ်။ Content တွေဖန်တီးပြီး Product တွေ Service တွေကို Promotion/Branding တွေလုပ်လာကြပါတယ်။ Content လို့ပြောလိုက်တာနဲ့ Graphic ကလည်းနောက်က လိုက်ပါလာတာကို တွေ့ရပါတယ်။ တချို့လုပ်ငန်းတွေမှာ ဒီ Graphic Design ပိုင်းအတွက် သီးသန့်လူဌားထားတတ်ပါတယ်။ တချို့တွေကြတော့ ကိုယ်တိုင်ဖန်တီးကြတာတွေ့ရပါတယ်။ ဒီလို ကိုယ်တိုင်ဖန်တီးတာက အချိန်ပေးနိုင်ရင် အဆင်ပြေပေမယ့်၊ အချိန်မရှိတဲ့သူတွေအတွက်ကတော့ ကြားထဲမှာ အခက်အခဲတွေဖြစ်နိုင်ပါတယ်။ ဒီလိုအခက်အခဲတွေအတွက် အထောက်အပံ့ကောင်းကောင်းပေးနိုင်မယ့် Website တွေကို ဖော်ပြပေးသွားပါမယ်...
ဒီ Website ထဲမှာ High-Resolution နဲ့ အရမ်းမိုက်တဲ့ Photo တွေကို Free Download ရယူနိုင်ပါတယ်။ Photo ပေါင်းထောင်ကျော်နဲ့ Popular အဖြစ်ဆုံး Photo တွေကိုလည်း ဒီ Website ထဲမှာ ရှာဖွေနိုင်ပါသေးတယ်။ တစ်နေ့ကို 100 Photo နှုန်းနဲ့လည်း အသစ်အသစ် တင်နေကြတဲ့ Website တစ်ခုလည်း ဖြစ်ပါတယ်။
ဒီ Website ကတော့ Designer တွေ Photo တွေနဲ့ တရင်းတနီး အလုပ်လုပ်နေကြတဲ့ လူတိုင်းနီးပါး သိရှိတဲ့ Website တစ်ခုလို့ ပြောနိုင်ပါတယ်။ Photo မြောက်များစွာကို Category စုံစုံလင်လင်နဲ့ ရှာဖွေ Download လုပ်နိုင်မယ့် Website တစ်ခုဖြစ်ပါ
ဒီ Unsplash ကလည်း ကြီးမားတဲ့ Photo Collection Website လို့ပြောလို့ရပါတယ်။ Quality ကောင်းတဲ့ Photo တွေကိုတစုတစည်းတည်း ရှာဖွေ Download လုပ်နိုင်မယ့် Website တစ်ခုဖြစ်ပါတယ်။ အမိုက်ဆုံး Photo တွေကို Website ရဲ့ Home Page တင်ထားတာကိုလည်း တွေ့ရပါတယ်။
ဒီ Burst ကတော့ Shopify ကပိုင်တဲ့ Free Stock Photo Site တစ်ခုဖြစ်ပါတယ်။ ဒီ Site ထဲမှာ Free Photo တွေအများအပြားရရှိနိုင်သလို ၀ယ်ပြီးအသုံးပြုနိုင်တဲ့ Photo အမိုက်စားတွေကိုလည်း အများကြီး ရရှိနိုင်ပါတယ်။ ဒီ Website ထဲမှာ Contributor အဖွဲ့၀င်ပြီး လုပ်ဆောင်နိုင်မယ့် အချက်တွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ်တိုင်၀င်ကြည့်ရင်ပိုသိနိုင်ပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ Website တွေက Quality ကောင်းတဲ့ Photo တွေကို Free Download ရယူနိုင်မယ့် Website တွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ အတွက် အထောက်အကူပေးနိုင်မယ့် Website တွေလို့လည်း မျှော်လင့်မိပါတယ်။