08 Jan 2020
SEO ဟာတကယ်ကို Strong ဖြစ်တဲ့ Marketing နည်းလမ်းတစ်ခုပါ။ Website ပေါ်ကိုအလားအလာရှိတဲ့ အရည်သွေးပြည့်တဲ့ Potential Customer တွေတိုးပွားလာစေတဲ့အပြင် တဖြည်းဖြည်းနဲ့နောက်ဆုံးမှာ Website Bounce Rate တွေပါပြောင်းလဲတိုးတက်လာပါလိမ့်မယ်။
SEO ဟာသင့်ရဲ့ Business ကို Brand awareness လည်းပိုမိုရရှိစေပါတယ် ဘာလို့လဲဆိုတော့ User အများစုဟာ Search Engine ပေါ်မှာရှာဖွေလိုက်ရင် ပထမဆုံးနေရာမှာ ရောက်ရှိတဲ့ Site ကိုအခြား Site တွေထက်ပိုမိုယုံကြည်လေ့ရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့် သင်ဟာ Business Owner တစ်ယောက်ဖြစ်မယ် သင့်ရဲ့ Website ကို Strong ဖြစ်ချင်ပြီး အခြား Competitor တွေထက်သာလွန်တဲ့ Customer တွေရရှိချင်တဲ့အပြင် သင့်ရဲ့ Business ကို Next level ရောက်ချင်တယ် ဆိုရင် SEO ကိုအသုံးချသင့်ပါတယ်။
SEO (Search Engine Optimizing)
ဟာဆိုရင် Business owner တွေရဲ့ Website တွေကို မြန်ဆန်ထိရောက်စေပြီး User-Friendly ဖြစ်စေတဲ့အပြင် Search engine ပေါ်မှာလည်း Ranking မြင့်မားစွာရစေတဲ့ Website ဖြစ်ဖို့အတွက်များစွာအထောက်အကူပြုတဲ့ Marketing နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်
SEO ကရမဲ့ အဓိက ရလဒ် ၅ ခုကတော့...
1.User-Friendly Website ဖြစ်စေခြင်း
အပေါ်ကပြောခဲ့သလိုပါပဲ SEO ဟာ Business owner တွေရဲ့ Website တွေကိုပိုမိုမြန်ဆန်ချောမွေ့စေပြီး User-Friendly ဖြစ်စေပါတယ်။တော်တော်များများက SEO ဆိုရင် Search Engine ပေါ်မှာ Optimizing ဖြစ်တာကိုပဲပြေးမြင်ပြီး ဘယ်လိုပဲဖြစ်စေ ယနေ့ခေတ်မှာ SEO ဟာ User experience ကိုပါတိုးပွားစေပါတယ်။Website တစ်ခုဟာ Structure ကောင်းကောင်းနဲ့တည်ဆောက်ထားမယ် အမြင်အားဖြင့်ရှင်းလင်းပြီး Uncluttered ဖြစ်တဲ့ Website မျိုးဟာဆိုရင် Causal visitor တွေ Website မှာကြာကြာနေအောင်ဆွဲဆောင်နိုင်ပါတယ်။ဒီလိုကနေ Pages view တော့တိုးတက်လာပေမဲ့ Website bounce rate ကတော့နိမ့်ဆင်းလာတတ်ပါတယ်။အလားတူပါပဲ သင့်ရဲ့ Website မှာရှိတဲ့ Content တွေ Blog article တွေ Sale post တွေဟာ Reader တွေ Viewer တွေကိုပျော်ရွှင်စေပြီး သူတို့ရှာချင်တဲ့ အကြောင်းအရာတွေ ဖတ်ချင်တဲ့အရာတွေ မေးချင်တဲ့အရာ စသဖြင့် စိတ်ဝင်စားမှုရရှိစေပြီး Website ပေါ်မှာဆွဲဆောင်ထားနိုင်ပါတယ်။ SEO အသုံးပြုထားတဲ့ Website စာမျက်နှာမှာဆိုရင်တော့ Search Engine ဟာလည်း တန်ဖိုးရှိတဲ့ High-quality information ကို User တွေကိုဖော်ပြပေးနိုင်မယ် User တွေဟာလည်းသိလိုတဲ့အရာတွေကို အလွယ်တကူသိနိုင်မယ် ဒါကြောင့် SEO ဟာ User-Friendly ဖြစ်စေပါတယ်။
2.Customer ပိုမိုရရှိအောင်ဆွဲဆောင်နိုင်ခြင်း
သင့်ရဲ့ Website တစ်ခုတည်ဆောက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်က သင့်ရဲ့ Competitor တွေနဲ့ယှဉ်တဲ့အခါ ဦးမော့နေစေနိုင်ဖို့နဲ့ Customer များများရဖို့ပဲဖြစ်ပါတယ်။ဒါ့အပြင် ဘာကြောင့် ဒီ SEO Marketing အပေါ်ငွေတွေအသုံးပြုရသလဲဆိုရင်တော့ အဖြေကရိုးစင်းပါတယ်။SEO optimized website တွေဟာအခြား မပြုလုပ်ထားတဲ့ Website တွေနဲ့နှိုင်းယှဉ်တဲ့အခါမှာ နှစ်ဆမြန်ဆန်စွာCustomer ပိုမိုတိုးပွားစေပါတယ်။SEO ဟာဆိုရင် ယနေ့ခေတ်မှာ ကုန်ကျစရိတ်သက်သာစွာနဲ့ ထိရောက်တဲ့ Marketing Strategy တစ်ခုပဲဖြစ်ပါတယ်။SEO အသုံးပြုပြီးရရှိလာတဲ့ Customer တွေဟာဆိုရင်လဲ သင့်Business ရဲ့ Product or service အကြောင်းကိုသိလို၍ရှာဖွေတဲ့သူများပဲဖြစ်ပါတယ်။တကယ်လို့သင်ဟာ အချိန်ကုန်သက်သာချင်တယ် ငွေပမာဏအနည်းငယ်နဲ့ပဲ အသုံးပြုချင်တယ်ဆိုရင် SEO ဟာအခြားသင်အသုံးပြုဖူးတဲ့ Marketing နည်းလမ်းတွေထက် ပိုမိုသာလွန်တဲ့ Result ကိုရရှိစေမှာပဲဖြစ်ပါတယ်။
3.Conversion Rates ပိုမိုသာလွန်ခြင်း
SEO-optimized website တွေဟာဆိုရင် Mobile နဲ့ Tablet အပါအဝင်အခြားသော Devices တွေမှာ Loading ပိုမိုမြန်စေတဲ့အပြင်ဖတ်ရှုအသုံးပြုရတာလည်းလွယ်ကူပြီး Properly Display လုပ်နိုင်ပါတယ်။Website တစ်ခုဟာ ဖတ်ရတာလွယ်ကူမယ် ဝင်ရောက်ရတာမြန်ဆန်မယ်ဆိုရင် Reader နဲ့ Visitor တွေရဲ့စိတ်အာရုံကိုဖမ်းစားနိုင်မှာအမှန်ပါပဲ။သင့်ရဲ့ Website အတွက် Loyal visitor, subscriber တွေရရှိစေပြီး သင့် Website ကိုထပ်မံပြန်လာချင်အောင်ဖမ်းစားနိုင်မှာပဲဖြစ်ပါတယ်။
4.Brand Awareness တည်ဆောင်နိုင်ခြင်း
SERP(Search Engine Result Page)တွေမှာWebsite Ranking တက်လာခြင်းရဲ့သိသာတဲ့ အကျိုးရလဒ်တစ်ခုကိုပြပါဆိုရင် Brand Awareness တည်ဆောက်လာနိုင်ခြင်းပါပဲ။တကယ်လို့သင့်ရဲ့ Website ဟာ Google လိုမျိုး Search engine ရဲ့ ပထမဦးဆုံး Page မှာရှိနေခဲ့မယ်ဆိုရင် Potential Customer တွေဟာ သင့်ရဲ့ Brand ကိုအခြား Strong မဖြစ်တဲ့ Website တွေထက်ပိုမိုယုံကြည်မှုရရှိစေပါတယ်။ဒါကြောင့် Brand awareness ရချင်တဲ့ Business တွေအနေနဲ့ သူတို့ရဲ့ Marketing ကုန်ကျစရိတ်ကို SEO ပေါ်မှာရင်းနှီးသင့်ပါတယ်။ယခုလို Social media တွေကျယ်ပြန့်လာတဲ့ခေတ်မှာ SEO ဟာသင်ရွေးချယ်သင်တဲ့ Marketing နည်းလမ်းတစ်ခုပါ။
5.Competitor တွေကိုရှောင်လွှဲနိုင်ခြင်း
ဥပမာအနေနှင့် တူညီတဲ့ အပြိုင် Business နှစ်ခုဟာ တူညီတဲ့ Product ကိုရောင်းချနေပြီး စျေးနှုန်းအနေနဲ့လည်းတူညီနေတယ်ဆိုပါစို့ ..အဲ့ဒီ Business နှစ်ခုမှာ တစ်ခုဟာ SEO optimized Website ရှိပြီးအခြားတစ်ခုဟာမရှိဘူးဆိုရင် ဘယ် Business ဟာပိုမိုပြီး Brand awareness ရရှိပြီး Customer တိုးတက်စေမယ်လို့ထင်ပါသလဲ ?? ဘယ် Website ဟာ Local customer တွေကိုပိုမိုဆွဲဆောင်နိုင်မယ်လို့ထင်ပါသလဲ? SEO အသုံးပြုထားတဲ့ Website ဟာ
စျေးနှုန်းတူ Product ခြင်းတူနေရင်တောင် Customer ပိုမိုရရှိအောင်စွမ်းဆောင်နိုင်ပါတယ်။
တကယ်လို့သင့်ရဲ့ အပြိုင် Business တွေဟာ SEO ကိုအသုံးပြုနေပြီး သင့် Website အတွက်အသုံးမချရသေးဘူးဆိုရင်တော့ အသုံးပြုကြည့်ဖို့တိုက်တွန်းပါရစေဗျာ။ SEO နဲ့ပတ်သတ်တဲ့အကောင်းဆုံးသော
ဝန်ဆောင်မှုတွေကိုလည်း ကျနော်တို့ SEOMyanmar မှာ ရရှိနိုင်ပါတယ်။