Comic ဖတ်ရတာနှစ်သက်သူတွေအတွက် အဆင်ပြေစေမယ့် Website တွေကို ဖော်ပြပေးချင်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ Comic တွေကို Online ပေါ်မှာ Free ဖတ်သွားနိုင်မယ့် Website တွေလည်း ဖြစ်တဲ့အတွက် မိတ်ဆွေတို့ စိတ်ဝင်စားမယ်လို့လည်း မျှော်လင့်မိပါတယ်။

 

ComiXology

Publisher ၇၅ ယောက်က Comic တွေကို Audience ဖတ်ရှုသွားနိုင်ဖို့ အတွက် အကောင်းဆုံး Publish လုပ်ပေးနေတဲ့ Site တစ်ခုဖြစ်ပါတယ်။ Content တွေအားလုံးနီးပါးက Free ဖတ်လို့ရပြီး လူကြိုက်အများဆုံး Comic တော်တော်များများကိုလည်း ဒီ Site ထဲမှာရှာဖွေဖတ်ရှုနိုင်ပါတယ်။ Comic Crazy တော်တော်များများက ဒီ Site ကိုနှစ်သက်ကြတာကိုလည်း လေ့လာတွေ့ရှိရပါသေးတယ်။

GetComics

ဒီ Site ထဲမှာရှိတဲ့ Comic Blog ထဲက သင်နှစ်သက်တဲ့ Comic တွေကို Free ဖတ်နိုင်ပြီး Download ပါပြုလုပ်ထားနိုင်ပါတယ်။ အရင်တုန်းက Comic အဟောင်းတွေကိုဖတ်ချင်တယ်ဆိုရင် ဒီ Site ထဲမှာဝင်ရောက် ရှာဖွေနိုင်ပါသေးတယ်။

Comic Book World

Premium Comic Blog တော်တော်များကို ဒီ Site ထဲမှာ Free ဖတ်နိုင်ပြီး နာမည်ကြီး Comic တော်တော်များများလည်း ဒီ Site ထဲမှာ ဖတ်ရှုနိုင်ပါသေးတယ်။ သင်ဟာ Comic တွေကို ဖတ်ရတာကြိုက်တဲ့ Big Fan တစ်ယောက်ဆိုရင် ဒီ Site ကလက်လွတ်မခံသင်တဲ့ Site တစ်ခုဖြစ်ပါတယ်။

Hello Comic

ဒီ Site ထဲမှာတော့ Comic တွေကို Category စုံစုံလင်လင်နဲ့ ရရှိနိုင်ပါတယ်။ Free Cost ဖြစ်တဲ့အတွက် ဘာအခက်အခဲမှ မရှိပဲ သင် ဖတ်ချင်တဲ့ Comic ကို စိတ်အေးလက်အေးနဲ့ ဝင်ဖတ်နိုင်မယ့် Site တစ်ခုလို့လည်း ပြောနိုင်ပါတယ်။

Marvel Unlimited

Comic ဖတ်ရတာလဲကြိုက် Marvel Fan လည်းဟုတ်တယ်ဆိုရင်တော့ ဒီ Website မှာလာပြီး စိတ်ရှည်လက်ရှည် ဝင်ဖတ်နိုင်ပါတယ်။ Marvel Comic ပဲသီးသန့် ဖတ်ချင်တဲ့သူတွေဆို ဒီမှာ လာဖတ်နိုင်ပါတယ်။

DC Kids

ဒီ Site ကတော့ DC Comic တွေကို စိတ်ကြိုက်ရှာဖွေ ဖတ်ရှုနိုင်မယ့် Site တစ်ခုဖြစ်ပါတယ်။ အရင်က ဒီ Site က Paid Service နဲ့ ဖြစ်ခဲ့ပေမယ့် ၂၀၁၉ မှာတော့ Free Cost ဖြစ်သွားပြီ ဖြစ်တဲ့အတွက် DC Comic တွေကိုဘာအခကြေးငွေမှ ပေးစရာ မလိုပဲ ဖတ်နိုင်လာတဲ့ Website တစ်ခုဖြစ်လာပါတယ်။

Comic တွေဖတ်ရတာကို ကြိုက်တဲ့သူ ဒါမှမဟုတ် Comic ဖတ်ရတာ ဝါသနာပါတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ရှိရင်လည်း ဒီ Site တွေကို လက်တို့ပေးလိုက်ပါအုံး။ အခြား Comic ဖတ်လို့ရတဲ့ Site တွေလည်းရှိသေးတဲ့ အတွက် နှစ်သက်ရာ Site တွေမှာလည်း ဖတ်ရှုနိုင်ပါတယ်။

 

Leave a Reply

social sharing buttons