09 Sept 2020
User behavior ကိုလေ့လာသုံးသပ်ခြင်းဟာသင့်ရဲ့ Website ကိုပိုမိုတိုးတက်လာစေရန်ကူညီပြီး Visitor တွေ Website အသုံးပြုတဲ့အခါပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကိုရရှိရန် အထောက်အကူပြုပါတယ်။ User Behavior ကို Track လုပ်ခြင်းဖြင့် သင့်ရဲ့ Website ကိုနေ့စဥ်ဝင်ရောက်တဲ့ Visitor တွေရဲ့ပြုမူဆောင်ရွက်မှုများကိုသိနိုင်ရန်ကူညီပေးပါလိမ့်မယ်။
ကျွမ်းကျင်တဲ့ Marketer တွေရဲ့အဆိုအရ User Experience ဟာ အမျိုးမျိုးသော Website ပေါ်မှာရှိတဲ့ User တွေ ရဲ့ သုံးစွဲမှုအပေါ်သက်ရောက်ပါတယ်။ဒါပေမဲ့ Tracking နဲ့ Measuring လုပ်မယ်ဆိုရင် တူညီတဲ့အချက်က Website ကိုရေးဆွဲတဲ့ Designer, Marketer နဲ့ Web Developer တွေကြားမှာ အပြုသဘောဆောင်တဲ့ပူးပေါင်းမှုမျိုးရှိရန်လိုပါတယ်။အဲ့လိုပူးပေါင်းဆောက်ရွက်မယ်ဆိုရင် အောက်ဖော်ပြပါအချက်တွေဖြစ်တဲ့
* Scroll depth
* Site speed
* In-page clicks
* Mouse movements
* Navigation patterns စတာတွေကို Tracking လုပ်နိုင်ပါတယ်။
ရရှိလာတဲ့ Result ပေါ်မူတည်ပြီး Visitor တွေရဲ့ Data များအားထိန်းသိမ်းခြင်း၊ Content တွေစိတ်ကြိုက်ဖန်တီးပြုလုပ်ခြင်းနှင့် Website navigation တို့နှင့် ပတ်သက်၍ ထိရောက်သောဆုံးဖြတ်ချက်ချရန်အချက်အလက်များကိုအသုံးပြုနိုင်ပါတယ်။