05 Dec 2020
ဒီတစ်ခေါက်မှာတော့ မိတ်ဆွေတို့ရဲ့ အင်တာနက်လိုင်းတွေကို ဘယ်လောက်မြန်နှုန်းနဲ့ ရရှိနေလဲဆိုတာ စစ်ဆေးနိုင်မယ့် App တွေကို ဖော်ပြပေးချင်ပါတယ်။ ဒါပေမယ့် ဒီ App တွေက iOS Device တွေမှာ
အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်…
ဒီ App ကတော့ မိတ်ဆွေတို့ရဲ့ iOS Device တွေမှာ အင်တာနက်လိုင်း ဘယ်လောက်မြန်နှုန်းရတယ်ဆိုတာကို အကောင်းဆုံး စစ်ဆေးနိုင်မယ့် App တစ်ခုဖြစ်ပါတယ်။ Cellular ရော Wifi ကိုပါ စစ်ဆေးနိုင်ပြီး App Store မှာ အကောင်းဆုံး Speed Test App အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ အသုံးပြုသူ သန်း ၂၀၀ ခန့်နဲ့ အောင်မြင်နေတဲ့ App တစ်ခုလည်း ဖြစ်ပါသေးတယ်။
ဒီ App ကတော့ iOS Device တွေထဲမှာ နောက်ထပ် အကောင်းဆုံး Speed Test App တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီ App ရဲ့အားသာချက်ကို ပြောရမယ်ဆိုရင် Internet Server များစွာရဲ့ မြန်နှုန်းကို စစ်ဆေးနိုင်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ကိုယ့်ရဲ့ Wifi ကိုဘယ်သူတွေ ယူသုံးနေလဲဆိုတာကိုပါ စစ်ဆေးနိုင်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။
Speed Test: Network Ping Check
ဒီ App လေးကတော့ iOS User တော်တော်များများ လက်ရှိမှာ အသုံးပြုနေတဲ့ Speed Test App တစ်ခုဖြစ်ပါတယ်။ Cellular နဲ့ Wifi တို့ရဲ့ မြန်နှုန်းကို စစ်ဆေးနိုင်ရုံသာမက အရင်က ဘယ်လောက်မြန်နှုန်းရခဲ့လဲဆိုတဲ့ Data ကိုပြန်ကြည့်နိုင်တဲ့ အတွက် လက်ရှိမှာ ရနေတဲ့ မြန်နှုန်းနဲ့ပါ ယှဥ်တွဲပြီး တိုင်းတာနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ သူရဲ့ UI(User Interface) ကလည်း ရှင်းရှင်းလင်းလင်းနဲ့ အသုံးပြုရတာလွယ်ကူတဲ့ အတွက်ကြောင့် လူတော်တော်များများ အသုံးပြုကြတာလည်း ဖြစ်ပါတယ်။
ကဲ iOS Device တွေအသုံးပြုတဲ့ မိတ်ဆွေတို့အနေနဲ့ Speed Test App ကောင်းကောင်းကို ရှာဖွေနေတယ်ဆိုရင် ဒီ App တွေကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။