20 Sept 2019
မိတ်ဆွေတို့လုပ်ငန်းခွင်ထဲမှာ Creative မဖြစ်တာတွေ၊ တခါတလေ Idea မရတာတွေ ဖြစ်ဖူးမယ်လို့ မျှော်လင့်မိပါတယ်။ ဒီအချက်တွေကို အဆင်ပြေသွားစေဖို့ဆိုရင် အခုဖော်ပြပေးမယ့် အကြောင်းအရာကို ဖတ်ကြည့် သင့်ပါတယ်...
လုပ်ငန်းခွင်မှာ နေ့စဥ် အလုပ်အတွက် စိတ်ဖိစီးမှုတွေ ဒါမှမဟုတ် အလွဲအမှားတွေအဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမဲ့ယခုဖော်ပြပေးမဲ့ နေ့စဉ်အသေးစားပြင်ဆင်ချက်လေးတွေကို လိုက်နာပြင်ဆင်ပြီး ပျော်ရွှင်စရာကောင်းပြီးအဓိပ္ပါယ်ရှိတဲ့လုပ်ငန်းခွင်ကို ဖန်တီးနိုင်တဲ့အပြင် သင့်ရဲ့ အလုပ်မှာလဲအမြဲ Creativeဖြစ်ပြီး တိုးတက်မှုတွေရရှိလာနိုင်မှာပါ။ တစ်နေ့တာမှာဖြစ်နိုင်မဲ့မှားယွင်း နိုင်တဲ့အကြောင်းအရာတွေကိုတွေးမဲ့အစား ဘယ်လိုမျိုးအဓိပ္ပါယ်ရှိတဲ့ လုပ်ငန်းခွင်ကိုရရှိအောင်ဖန်တီး မလဲဆိုတာအပေါ်ပိုမိုအာရုံစိုက်သင့်ပါတယ်။
(1) ပုံမှန်ထက်မိနစ်အနည်းငယ်လောက်အိပ်ရာစောစောထပေးပါ။ နေ့တစ်နေ့တာလုံးရဲ့အစဖြစ်တဲ့မနက်ခင်းမှာသင့်ရဲ့စိတ်ကြည်လင်နေမှာသာ တစ်နေ့တာလုပ်ဆောင်သမျှအဆင်ပြေနိုင်တဲ့အပြင် မနက်ခင်းမှာ စောစောထပြီး လေ့ကျင့်ခန်းလုပ်ပေးတာမျိုးဟာ သင့်ကိုလန်းဆန်းတက်ကြွစေပြီး ကျန်းမာရေးအတွက်လဲ သင့်တော်ပါတယ်။
(2)သင့်အတွက် ခွန်အားဖြစ်စေနိုင်တဲ့ Activities တွေကိုမနက်ခင်းမှာလုပ်ဆောင်ပေးပါ။ သင့်ရဲ့စိတ်ကို ခွန်အားဖြစ်စေမဲ့ ဝါသနာ ဒါမှမဟုတ် အလေ့အကျင့်တစ်ခုကိုသတ်မှတ်ပြီး နေ့စဉ်မနက်ခင်း မှာလုပ်ဆောင်ပေးသင့်ပါတယ်။အောင်မြင်တဲ့သူအများစုဟာ မနက်ခင်းမှာ စာဖတ်တာ ဒါမှမဟုတ် တစ်ယောက်ထဲအချိန်ပေးပြီးအသစ်အသစ်တွေဖန်တီးတွေးခေါ်တာမျိူးတွေနဲ့ကုန်ဆုံးတတ်ကျပါတယ်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် လုပ်ငန်းခွင်မှာအလုပ်နဲ့ပက်သက်တာတွေတွေးတောဖို့ခွန်အားဖြစ်စေတဲ့ အပြင် နေ့စဉ်အလေ့အကျင့်ဖြစ်လာတဲ့အခါ သင့်လုပ်ငန်းခွင်ဟာသင့်အတွက်ခက်ခဲ တဲ့စိတ်ဖိစီးစရာနေ ရာဖြစ်လာတော့မဟုတ်ပါဘူး။
(3) သင့်လုပ်ငန်းခွင်မှာပြီးမြောက်ဖို့လိုအပ်တဲ့အလုပ်တွေကိုချမှတ်ပြီးရေးထားပါ။ သင်လုပ်ဖို့လိုအပ်တဲ့အလုပ်ကိုစာရွက်ပေါ်ချရေးထားပြီးသင်မြင်နိုင်တဲ့နေရာမှာထားပေးပါ။ ဒါမှသာသင်မမေ့မလျော့ပဲလုပ်နိုင်မှာဖြစ်ပြီး ထိုစာရွက်ကိုမြင်တိုင်းရလာမဲ့ Idea တွေကိုမှတ်သားထားခြင်းဟာလည်း အလုပ်ကိုမြန်မြန်ဆန်ဆန်ပြီးစေ ပါတယ်။
(4) အလုပ်တစ်ခုလုပ်ဖို့သင့်အတွက်ပေးတဲ့အချိန်နည်းနေပါက မဖြစ်နိုင်ကြောင်းပြောပြသင့်ပါတယ်။ သင့်ရဲ့အချိန်ဟာတန်ဖိုးရှိသလို အလုပ်အတွက်လုံလောက်တဲ့အချိန်ယူခြင်းဟာ လုပ်ငန်းခွင်မှာ ပိုမိုကောင်းမွန်တဲ့ရလာဒ်ကိုရစေတဲ့အပြင် သင်လဲပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်နိုင်မှာပါ။ ဒါပေမဲ့ သင်လုပ်နိုင်တာထက်ပိုပြီးတော့အချိန်မယူပါနဲ့ ဒီအချက်ကတော့မကောင်းတဲ့အကျင့်ဖြစ်တဲ့အပြင် သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကိုလဲထိခိုက်စေပါတယ်။
(5) အလုပ်တစ်ခုလုပ်နေစဉ် အဲ့အလုပ်အပေါ်မှာပဲသေချာအာရုံစူးစိုက်ပါ။တစ်ချိန်ထဲမှာပဲ အလုပ်တွေ အများကြီးအပေါ်အာရုံစိုက်မိနေခြင်းဟာ အလုပ်ကိုနှောင့်နှေးစေတဲ့အပြင် အမှားအယွင်းလဲများစေပါတယ်။
(6) သင် တစ်နေ့တာမှာအလုပ်ဘယ်လောက်လုပ်နိုင်လဲ ဘယ်လောက်ပမာဏပြီးမြောက်အောင်လုပ် နိုင်လဲဆိုတာ ကို Analyze လုပ်သင့်ပါတယ်။ ဒါမှသင်ဒီထက်ပိုကောင်းအောင်လုပ်နိုင်မလား ဘာလို့မလုပ် နိုင်ရတာလဲ ဘာကြောင့်လဲ စသဖြင့်သုံးသပ်ပါ။ ဒါမှသာသင့်ရဲ့စွမ်းဆောင်ရည်တွေ တိုးတက်လာမှာဖြစ်ပါ တယ်။
(7) သင့်ရဲ့အလုပ်စားပွဲကိုလဲရှင်းလင်းသေသပ်စွာထားပါ။စာရွက်တွေကအစ သင့်အတွက်မလိုအပ်တော့ တဲ့စာအုပ်တွေအာလုံးကို ရှင်းလင်းလိုက်ပါ။ ဒါမှသာသင်တကယ်လို အပ်တဲ့အရာတွေရှာဖွေရတာအချိန်ပေး ဖို့မလိုအပ်တော့မှာဖြစ်ပါတယ်။ အလုပ်ချိန်မှာ အာရုံစူးစိုက်မှုကောင်းမွန်အောင် မိနစ် ၂၀ လောက်အနား ယူချိန်ထားရှိပါ။
ယခုဖော်ပြတဲ့အသေးစားအချက်လေးတွေကို ပြင်ဆင်လိုက်မယ်ဆိုရင် ပျော်ရွှင်စရာကောင်းပြီး Creative ဖြစ်တဲ့ လုပ်ငန်းခွင်လေးကိုရရှိစေဖို့ မျော်လင့်ပါတယ်။