21 Mar 2021
လက်ရှိ ၂၀၂၁ မှာ အကောင်းဆုံးဖြစ်နေတဲ့ Torrent Site တွေကို ဖော်ပြပေးသွားပါမယ်။ ဒီအကြောင်းအရာကို မဖော်ပြခင်မှာ Torrent Site ဆိုတာကို အရင်ပြောပြချင်ပါတယ်။ Torrent Site ဆိုတာက မိတ်ဆွေတို့လိုအပ်တဲ့ Software, Game, Book, Movie, TV Show အစရှိတာတွေကို အင်တာနက်ပေါ်ကနေ Download ပြုလုပ်နိုင်သွားနိုင်မယ့် Site တွေကို Torrent Site လို့ ခေါ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ လူသုံးများပြီး ၂၀၂၁ မှာအကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ Torrent Site တွေကို ဖော်ပြပေးချင်ပါတယ်။
1337X
ဒီ Torrent Site ကတော့ နံပတ် ၁ နေရာကနေ ဦးဆောင်နေတဲ့ Torrent Site တစ်ခုဖြစ်ပါတယ်။ ဒီ Site ရဲ့ UI က အသုံးပြုသူတွေအတွက် ရှင်းရှင်းလင်းလင်းနဲ့ မြန်မြန်ဆန်ဆန် Download ပြုလုပ်နိုင်စေပါတယ်။ Movie ကစလို့ Game အထိ Download ဆွဲစရာ မြောက်များစွာရှိတဲ့ Site တစ်ခုလည်း ဖြစ်ပါတယ်။
The Pirate Bay
The Pirate Bay ကတော့ 1337X ပြီးရင် ဒုတိယ အကောင်းဆုံး Torrent Site တစ်ခုပဲ ဖြစ်ပါတယ်။ The Pirate Bay Website ရဲ့ Interface က ရိုးရှင်းပြီး User တွေစိတ်ကျေနပ်သွားမယ့် ပုံစံမျိုးဖြစ်အောင် တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ ဒီ Site ထဲမှာ မိတ်ဆွေတို့ ရှာချင်တဲ့ Movie, TV Show, Web Series, Games, Software အစရှိတာတွေကို Download ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။
LimeTorrents
ဒီ LimeTorrents ဟာဆိုရင်လည်း အကောင်းဆုံး Torrent Site စာရင်းဝင်ထားတဲ့ Site တစ်ခု ဖြစ်ပါတယ်။ ဒီ Site ရဲ့ Interface ကိုလည်း ဆန်းသစ်တဲ့ Design နဲ့ဆောက်လုပ်ထားတာကို တွေ့မြင်ရပါတယ်။ ဒီ Site မှာ Down နိုင်မယ့် အရာတွေကိုလည်း Site ရဲ့ Interface မှာ ဖော်ပြပေးထားပါသေးတယ်။
Zooqle
သင်က Movie Crazy တစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင်တော့ ဒီ Zooqle ဆိုတဲ့ Torrent Site က သင့်အတွက် အကောင်းဆုံး Site တစ်ခုဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီ Site ထဲမှာက Latest Movie, TV Shows, Web Series တွေ စုံစုံလင်လင် Download ပြုလုပ်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီ Site ရဲ့ Interface ကလည်း အခြား Torrent Site တွေရဲ့ Interface ကွဲထွက်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
IsoHunt
IsoHunt ဟာဆိုရင်တော့ များပြား Torrent Site တွေရဲ့ Data ကိုကြည့်ရှုနိုင်မယ့် Site တစ်ခု ဖြစ်ပါတယ်။ IsoHunt ရဲ့ Interface က Design ခပ်ဆန်းဆန်းနဲ့ တည့်ဆောက်ထားပြီး Popular ဖြစ်နေတဲ့ Torrent Content တွေကို List အနေနဲ့ လုပ်ထားပေးတာကို တွေ့ရပါမယ်။ Torrent Site တွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ သတင်းတွေ အားလုံးနီးပါးကို ဒီ IsoHunt မှာ ရှာဖွေနိုင်ပါတယ်။
တစ်ခုခုဆို အင်တာနက်ပေါ်ပြေးရှာတတ်တဲ့ မိတ်ဆွေတွေအတွက် ဒီ Torrent Site တွေက အကြောင်းအရာ ပိုမိုတိကျစွာနဲ့ ရှာဖွေနိုင်မယ့် Site တွေပဲ ဖြစ်ပါတယ်။