04 May 2018
ဖုန်း SMS ထဲမှာ ကိုယ်မလိုချင်တဲ့ စာတွေရောက်နေတာ လူတိုင်းနီးပါးကြုံရမှာပါ။ ကြော်ငြာတဲ့စာတွေရော တခြားမလိုလားအပ်တဲ့သူတွေဆီက စာတွေရော၊ ကိုယ့်ကိုခြိမ်းခြောက်ချင်တဲ့ သူတွေရဲ့စာတွေရော မျိုးစုံရောက်ရှိတတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ်မလိုချင်တဲ့ SMS စာတွေ ခဏခဏပို့နေတာကို ဘယ်လိုတားဆီးရမလဲဆိုတာကို လေ့လာတင်ပြလိုက်ပါတယ်။
အခုတင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ရိုးရှင်းလွယ်ကူတဲ့ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ရိုးရှင်းတယ်ဆိုပေမယ့် နည်းပညာနဲ့ အလှမ်းဝေးနေသူတွေ အဖို့တော့ အချက်မသိတော့ လုပ်ရခက်တယ်၊ လုပ်လို့မရဘူးပဲထင်ကြမှာပါ။ နည်းပညာနဲ့နီးစပ်သူတွေတောင် Block/ Blacklist လုပ်ဖို့ မေ့နေတတ်တာမျိုး ဖြစ်တတ်ပါတယ်။
စာတွေ ခဏခဏပို့နေတာကို ဘယ်လိုတားဆီးရမလဲဆိုတော့ (၂) မျိုးရှိပါတယ်။
၁။ Unsubscribe လုပ်တဲ့နည်း
ဒီဟာကတော့ များသောအားဖြင့် ကြော်ငြာတွေ သတင်းတွေများပါတယ်။ Subscribe လုပ်ထားမိရင် ဖုန်းဘေတွေ သူ့အချိန်အတိုင်း ဖြတ်ပါတယ်။ စာတွေဆက်မပို့စေချင်ရင်တော့ သူပြောတဲ့အတိုင်း OFF သို့မဟုတ် STOP ကို ပို့ပြီး Unsubscribe လုပ်နိုင်ပါတယ်။
၂။ Block/ Blacklist လုပ်တဲ့နည်း
ဒီနည်းကတော့ စာပို့တဲ့ဘယ်သူကိုမဆို လုပ်နိုင်ပါတယ်။ ညာဘက်အပေါ်က မြှားလေးနှိပ်လိုက်ရင် Blacklist သို့မဟုတ် Block လို့ပေါ်လာပါလိမ့်မယ်။ အဲဒါလေးနှိပ်ပေးရုံပါပဲ။ ပြန်ဖြုတ်ချင်ရင်လည်း Remove ပြန်နှိပ်ပေးနိုင်ပါတယ်။