09 Nov 2018
ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးထဲ စီးပွားရေးလုပ်ငန်းတွေကို နည်းပညာအကူအညီနဲ့လုပ်ကိုင်လာကြပါပြီ။ Digital Marketing နယ်ပယ်တွေဖြစ်တဲ့ SEO, SEM, PPC တွေနဲ့လည်းလုပ်ကိုင်လာကြပါပြီ။ လုပ်ငန်းတော်တော်များများကလည်း Website တွေဆောက်ပြီး လုပ်ကိုင်နေကျပြီးတော့ သတိထားသင့်တဲ့အချက်လေး အချို့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
သင့်ရဲ့ Website ပေါ်မှာ User တွေကို ကြာကြာရှိနေ စေချင်ရင်တော့ ဒီအချက်လေးတွေကိုတော့သတိထားဖို့ လိုပါလိမ့်မယ်...
Page Load Times ကိုမြန်နေအောင်ဂရုစိုက်ပေးပါ
သင့်ရဲ့ Website ကို User တစ်ယောက်ကဝင်ကြည့်နေတဲ့အချိန်မှာ Page တစ်ခုနဲ့ တစ်ခုသွားတဲ့ Load
Times Speed ကနှေးနေမယ်ဆိုရင် User ဘက်က စိတ်မရှည်ခဲ့ဘူးဆိုရင် သင့် Website အတွက် နှစ်နာမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ Page Load Times Speed ကိုမြန်အောင်ထားဖို့လိုအပ်ခြင်းဖြစ်ပါတယ်။
ရှိးရှင်းပြီးလှပတဲ့ Navigation ဖြစ်မဖြစ်ဂရုစိုက်ပါ
သင့်ရဲ့ Website Navigation ဟာ ရိုးရှင်းပြီးတော့ User တွေအတွက်အခက်အခဲမရှိနေဖို့လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုရင်တော့ User တွေက သူတို့သွားချင်တဲ့ Direction ကိုသွားဖို့အတွက် အခက်အခဲရှိနေခဲ့မယ်ဆိုရင် User Experience ကိုထိခိုက်စေနိုင်ပြီး သင့်ရဲ့ Website အတွက်လည်း နှစ်နာမှုတွေဖြစ်လာနိုင်ပါတယ်။
Mobile Friendly ဖြစ်အောင်ဂရုစိုက်ပေးပါ
Website ကိုဝင်ကြည့်တဲ့ User တွေမှာဆိုရင် Desktop User တွေထက် Mobile User တွေကပိုမိုပြီး စိတ်ရှည်တယ်လို့လည်း သိရှိထားရပါတယ်။ ဒီတော့သင့်ရဲ့ Website ဟာ Desktop View မှာသာမက Mobile View တိကျသေသပ်တဲ့ Design နဲ့ Responsive ဖြစ်နေမယ်ဆိုရင် User တွေကသင့် Website မှာအချိန်ကြာကြာ ရှိနေမှာဖြစ်ပြီး သင့်ရဲ့ Website Bounce Rate ရာခိုင်နှုန်း ဟာဆိုရင်လည်းလျော့ကျလာပြီး ပိုမို ကောင်းမွန်တဲ့ရလဒ်တွေရရှိလာမှာဖြစ်ပါတယ်။
ဒီ အချက်လေးတွေကတော့ သင့်ရဲ့ Website Bounce Rate တွေကိုလျော့ကျသွားစေဖို့ သတိပြုထားသင့်တဲ့ အချက်ကလေးပဲဖြစ်ပါတယ်။
Ref - socialmediatoday