07 Mar 2021
Social Media အသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media Post တွေတင်ရာမှာအမြဲတမ်း Check လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုပါတယ်။
-သင်တင်တဲ့ Content တွေဟာ သင့်ရဲ့ Audiences တွေအတွက် အကျိုးရှိပြီးအသုံးဝင်တဲ့ Content တွေဖြစ်ရဲ့လားဆိုတာအမြဲစစ်ဆေးသင့်ပါတယ်။
-သင့်ရဲ့ Reader တွေနှစ်သက်တဲ့ Content မျိုးဖြစ်ရဲ့လားဆိုတာလဲဆန်းစစ်ပေးပါ။သင့်ရဲ့အမာခံ Reader တွေဖတ်ချင်တဲ့ Content မျိုးဖြစ်မှသာ Real Fan or customer တွေကိုရရှိမှာဖြစ်ပါတယ်။
-သင်ရေးနေတဲ့ Content တွေကို သင့်ရဲ့ Website နဲ့ အခြား Social Media မှာရောအမြဲတင်ဖြစ်ရဲ့လားဆိုတာလဲ သတိထားသင့်ပါတယ်။ ဒါမှသာ သင့်ရဲ့ Social Media Acc တွေဟာအမြဲ Active ဖြစ်နေမှာပါ။
-သင်တင်တဲ့ Content မှာပါဝင်တဲ့ Image တွေကိုလည်းအမြဲဂရုတစိုက် စစ်ဆေးသင့်ပါတယ်။Image ရဲ့ Quality နဲ့ တင်တဲ့ Post နဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးသင့်ပါတယ်။
-သင်တင်တဲ့ Post မှာလိုအပ်တဲ့ Targeted keyword တွေပါဝင်ဖို့လိုတာကိုလည်းသတိပြုပေးပါ။
-အဓိကသတိထားသင့်တာတော့ Spelling လဲပါဝင်ပါတယ်။Spelling မှန်မမှန် Post တင်ခါနီးတိုင်း Check လုပ်ပေးသင့်ပါတယ်။
-သင်ရေးတဲ့ Content တွေဟာ Conversational ဖြစ်ရဲ့လားဆိုတာလည်း ဂရုစိုက်ပေးသင့်ပါတယ်။
ဒီအချက်တွေကို အမြဲစစ်ဆေးပေးနေမယ်ဆိုရင် မိတ်ဆွေတို့တဲ့ Social Media Post တွေက လုပ်ငန်းအတွက် ပိုပြီး ထိရောက်လာနိုင်မှာပဲ ဖြစ်ပါတယ်။