14 Oct 2020
နာမည်ကြီး Video Sharing Channel တစ်ခုဖြစ်တဲ့ YouTube ကတော့ YouTube Video Creator တွေအတွက် အကျိုးရှိမယ့် Update တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ Video တွေကို ဖန်တီးပြီး YouTube မှာလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအတွက် Subscriber ကအရေးကြီးတဲ့အပိုင်း တစ်ခုဖြစ်ပါတယ်။ Subscriber တွေကို အလေးအနက်ထားတဲ့ Channel တွေမှာဆိုရင် User Comment တွေကို ဂရုစိုက်ပြီး Engagement ပိုတက်အောင် လိုအပ်ချက်တွေကို ဖြည့်ဆည်းရပါတယ်။ Comment Filter မရှိခင် ကာလမှာ Comment တွေကို အကုန်လုံးလိုက်ဖတ်နေရတဲ့အတွက် အချိန်ပိုပြီးပေးခဲ့ရပါတယ်။ အခု Comment Filter မှာတော့ သင့် Channel မှာ Comment လာမန့်တာတွေကို အောက်ပါ Categories တွေကိုခွဲပြီး ဖတ်နိုင်ပါပြီ…
ဒီလို Comment Moderation ပိုင်းမှာ Productive ဖြစ်ဖြစ်နဲ့ ကိုင်တွယ်နိုင်လာပါတယ်။ Channel မှာလာမန့်တဲ့ Key Message ပါတဲ့ Comment တွေကိုပဲ ရှာချင်တာတွေ Key Question တွေကိုပဲ ဖတ်ချင်တာတွေကို ပိုပြီးတိတိကျကျ လုပ်ဆောင်လာနိုင်ပါတယ်။ ဒီ Comment Filter ကိုအသုံးပြုနိုင်ဖို့ ဆိုရင်တော့ YouTube Studio တော့လိုအပ်ပါတယ်။ YouTube Studio ရဲ့ဘယ်လက်ခြမ်းမှာရှိတဲ့ Menu Tab ကနေ Comment ဆိုတာကိုရွေးပေးပြီး Filter Bar ကိုအသုံးပြုနိုင်ပါပြီ။
YouTube Platform ကိုအဓိကထားပြီး လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေအတွက် ဒီ Comment Filter ကအရမ်းကို အသုံးဝင်တဲ့ Update တစ်ခုလို့ ပြောနိုင်ပါတယ်။ Comment Filter ကိုမြင်တဲ့ မိတ်ဆွေတို့ရဲ့ အမြင်ကိုလည်း မှတ်ချက်ပေးသွားနိုင်ပါတယ်။