
Digital Marketing နည်းပညာနဲ့ ကိုယ့် Business အတွက် Audience ရှာနေတယ်ဆိုရင်တော့ ယခုဖော်ပြသွားမယ့် အကြောင်းအရာကို မိတ်ဆွေတို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ကိုယ့် Business ကိုပဲ စွတ်ကြော်ငြာနေတာကလဲ Audience ကို ငြီးငွေ့စေတတ်တဲ့ အတွက်ကြောင့် ဒီအချက်ကို သတိပြုပြီးတော့ လုပ်ဆောင်သင့်တဲ့ အကြောင်းအရာကို ဝေမျှပေးသွားပါမယ်။
ဒါကတော့ Business တိုင်းမှာ မိမိ Business နဲ့ပက်သက်တဲ့ Story တစ်ခုစီတော့ပြောဖို့ရှိကျမှာပါ။ Social Media ဆိုတာ Potential Customer တွေနဲ့ သင့် Business ရဲ့ Story တွေကိုအမြဲ Sharing လုပ်လို့ရတဲ့ အကောင်းဆုံး Platform ပါ။ Storytelling ဟာ သင့်ရဲ့ Business ကို လူပိုမိုစိတ်ဝင်စား အာရုံစိုက်ခံ ရစေဖို့အတွက် Promote လုပ်တဲ့
အခါမျိုးမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လူတွေဟာ ရှေးအရင်အစဉ်အဆက်ထဲက Story တွေကိုသဘောကျနှစ်ခြိုက်ခဲ့တဲ့အတွက် သင့်ရဲ့ ကိုယ်ပိုင် Brand ကို Social Media မှာ ယုံကြည်မှုရရှိအောင်တည်ဆောက်ဖို့အတွက် Storytelling ဟာ အထောက်အပံ့ကောင်းကောင်းပေးနိုင်ပါတယ်။
သင့်ရဲ့ Brand ကို Social Media မှာ အောင်မြင်စေချင်ရင် Logo ကောင်းကောင်းတွေ Professional Photograph တွေကို အသုံးပြုထားရုံနဲ့မလုံလောက်သေးပါဘူး။ သင့်ရဲ့ Brand ကို Social Media မှာ အမြဲ Follow လုပ်ထားစေချင်တယ်ဆိုရင် Follow ရတာနဲ့ တန်တဲ့ အကြောင်းအရာတွေကို မျှဝေပေးဖို့လိုပါတယ်။ ဥပမာဆိုရရင် သင့် Brand ရဲ့ Behind The Scenes တွေ၊ သင့် Brand နဲ့ပက်သက်တဲ့ Blog Content တွေ ၊ သင့် Brand ကို Brand အနေနဲ့ယုံကြည်စိတ်ချနိုင်စေမဲ့ Story တွေ စတာတွေကို အသုံးချဖို့လိုပါတယ်။
Social Media Storytelling အတွက် Video နဲ့ Image Design တွေကိုအသုံးပြုပေးခြင်းဟာ တကယ့် Potential Customer တွေရဲ့ သင့် Brand အပေါ်မြင်တဲ့အမြင်ကို ကွဲပြားစေပါတယ်။ သတိထားရမှာက Story တွေကို Social Media မှာ Visual အမြင်ကောင်းကောင်းနဲ့ Customer တွေလက်ခံယုံကြည်လာအောင် တည်ဆောက်ဖို့ပါပဲ။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ Image Design တွေနဲ့ သင့် Brand ရဲ့ အကြောင်းအရာတွေကိုဖော်ပြပေးဖို့လိုပါတယ်။
Storytelling ကိုအသုံးပြုပြီး သင့် Brand ဟာ Personal ဖြစ်တယ် ကိုယ်ပိုင် Make ဖြစ်တယ် ဆိုတာကိုဖော်ပြပေးပါ။ Customer အများစုဟာ Brand တွေရဲ့ တကယ် အစစ်အမှန်ဖြစ်ကြောင်း နောက် ကွယ်က တကယ်လုပ်ကိုင်နေတဲ့ Organization ရဲ့ လုပ်ကိုင်မှုတွေကိုဖော်ပြပေးတဲ့ Brand မျိုးတွေကို ပိုမိုနှစ်သက်လေ့ရှိပါတယ်။ ဥပမာ အားဖြင့် ကမ္ဘာကျော် Brand Dior ဟာ သူ့ရဲ့ အိတ်အစ အဆုံးလုပ်ပုံကို Video နဲ့ ဖော်ပြပေးတာဟာ တကယ့်ကို Trustworthy ဖြစ်စေပါတယ်။
အခုဖော်ပြတာတွေက Brand အတွက် Story တွေ Social Media မှာဖော်ပြတာနဲ့ပက်သက်ပြီး အနည်းငယ်ပဲဖြစ်ပါသေးတယ်။ သင့် Brand နဲ့ပက်သက်တဲ့ Story တွေကို သူများနဲ့မတူအောင် ဖန်တီးနိုင်လေ သင့်ရဲ့ Brand ဟာ Customer တွေရဲ့ ယုံကြည်မှုပိုရလေ ဖြစ်မှာပါပဲ။ ဒီအချက်တွေကို သတိပြုပြီး Audience ကိုဖမ်းစားနိုင်မယ့် လို့လည်း မျှော်လင့်ပါတယ်။