25 Apr 2019
Facebook ဟာ Privacy နဲ့ပက်သက်တဲ့မကောင်းသတင်းတွေနဲ့ကြုံတွေ့နေရသော်လည်း လစဉ် Active User ပေါင်း 2.37 Billion အထိရောက်ရှိလာပြီး ယခင်ဖော်ပြခဲ့တဲ့ User ထက် 55 Million အထိ သုံးစွဲသူ တွေတိုးလာခဲ့ပါတယ်။ 1.56 Billion User တွေဟာ နေ့စဉ် Facebook မှာ Log In ဝင်ရောက်နေပြီး 2018 ကထက် 39 Million တိုးပွားလာခဲ့ပါတယ်။ Facebook ရဲ့ Asia Pacific, Europe, US, Canada နဲ့ အခြားကျန်ရှိတဲ့ဒေသတွေရဲ့ Daily နဲ့ Monthly Active User တိုင်းတာချက်တွေကို Chart နဲ့ဖော်ပြထားပါတယ်။
ဒါပေမဲ့ Facebook ရဲ့ Privacy ပြဿနာတွေကြောင့် North America နဲ့ European Market တွေမှာတော့ အသုံးပြုသူတိုးပွားမှုဟာ နှေးနေပါတယ်။ ဒါပေမဲ့ Facebook ဟာ Asia Pacific ဒေသတွေ နဲ့အခြားကျန်ရှိတဲ့ နိုင်ငံဒေသတွေမှာ ချဲ့ထွင်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ Facebook ဟာ India ကိုအာရုံစိုက်ခဲ့တာ 2015 ထဲကပါ။ ကမ္ဘာ့ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ India မှာ Facebook သုံးစွဲသူလူဦးရေတိုးပွားဖို့ကိုအာရုံစိုက်ထားတဲ့သဘောပါ။ 2015 မှာ India မှာ Facebook user 135.6 Million ကနေ 2019 မှာ နှစ်ဆတိုးလားပြီး 313.6 Million အထိတိုးလာခဲ့ပါတယ်။
Facebook ဟာသူ့ရဲ့ Family Of Apps တွေဖြစ်တဲ့ Facebook, Messenger, WhatsApp and Instagram တွေမှာရှိတဲ့ User အားလုံးရဲ့ Actual Reach ကိုလည်း တိုင်းတား မှုတွေပြု လုပ်ထားပါတယ်။ Chart နဲ့မဖော်ပြထားပေးမဲ့လည်း Facebook, Messenger, Whatsapp နဲ့ Instagram (Family Of Service) ကိုနေ့စဉ်အသုံးပြုသူ User ပေါင်း 2.1 Billion အထိရှိနေပြီး 2.7 Billion ဝန်းကျင် သူတို့ရဲ့ Apps တွေကတစ်ခုကိုတော့ လစဉ်အသုံးပြုကြတယ်လို့ဆိုပါတယ်။
Social Networkတွေရဲ့ အရှိုန်ဟုန်ပြင်းပြင်းနဲ့ တိုးတက်လာမှုထဲမှာ Facebook ဟာလဲအပါအဝင်ပါပဲ။ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်ကဏ္ဍတစ်ရပ်ကနေ Social Media ဟာ ပါဝင်လာတာဟာ အခုဆို လျော့ကြသွားဖွယ်မရှိသလောက်ဖြစ်နေပါတယ်။
Ref - socialmediatoday