မြန်မာနိုင်ငံတွင်လတ်တလောဖြစ်ပွားနေသော အခြေအနေများအရ Facebook က သူ့ရဲ့လုံခြုံမှုစနစ်အသစ်တစ်ခုကိုစတင်လိုက်မိတ်ဆက်လိုက်ပါတယ်။ Facebook ကိုအသုံးပြုသူများအားဘေးကင်းလုံခြုံစေရန်နောက်ထပ်နည်းလမ်းများကိုအဆက်မပြတ်ရှာဖွေနေပြီး လူအများထုတ်ဖော်ပြောဆိုရန်အတွက်လုံခြုံစိတ်ချရသော Platform တစ်ခုပေးရန် ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံတွင်အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များကို ပိုမိုကာကွယ်နိုင်ရန်အတွက် ဒီ " Lock Profile " တစ်နည်းအားဖြင့် "ကိုယ်ရေးမှတ်တမ်းပိတ်ထားခြင်း" ဆိုတဲ့ Feature ကိုမိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဒီ Feature ကိုလွယ်ကူစွာအသုံးပြုနိုင်ပါတယ်။
ပထမဆုံး Setting ကိုဝင်ပါ။Privacy Setting ရဲ့အောက်မှာ"ကိုယ်ရေးမှတ်တမ်းပိတ်ထားခြင်း" ဆိုတာကို မြန်မာစာနဲ့တွေ့ရပါလိမ့်မယ်။
နှိပ်လိုက်မယ်ဆိုရင် "သင့် ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားရန် " ဆိုပြီး အသေးစိတ်ဖော်ပြထားပါလိမ့်မယ်။ထပ်နှိပ်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ Profile မှာတင်ထားသမျှ Post တွေ Photo တွေနဲ့ အခြားကိုယ်ရေးအချက်အလက်တွေကို Friend မဟုတ်တဲ့တခြားသူတွေ မမြင်ရတော့ပါဘူး။
Public အနေနဲ့လည်း ပြန်ပြောင်းချင်ရင်လည်း အပေါ်ကပိတ်ခဲ့တဲ့နေရာပဲ ပြန်သွားပြီး "ပြန်ဖွင့်ရန်" ကိုနှိပ်ပြီးပြန်ဖွင့်လို့ရပါတယ်။
ဒီ Features ကအရင် Limited Past Posts လုပ်လိုက်ရင် Public တင်ထားတဲ့ Posts တွေ Friend Only ပြောင်းသွားတဲ့ Feature နဲ့အလားတူပါပဲ။ဒါပေမဲ့ အခု Feature က မြန်မာလိုလဲဖော်ပြပေးထားတဲ့ အပြင် တစ်ဆင့်ထဲလုပ်ရတာမလို့ မြန်မာနိုင်ငံကအသုံးပြုသူ User တွေအတွက်ပိုမိုလွယ်ကူစေပါတယ်။
ကိုယ့်ရဲ့ Facebook Account ကို Safe ဖြစ်ဖြစ်နဲ့အသုံးပြုချင်ပြီး Friend မဟုတ်တဲ့သူတွေကိုမမြင်စေချင်ဘူးဆိုရင်တော့ ဒီ Feature လေးကအတော်အဆင်ပြေစေပါတယ်။အားလုံးပဲအဆင်ပြေဘေးကင်းကြပါစေ။