10 Jan 2019
Facebook Stories ဆိုတာ ယခုအချိန်မှာဆိုရင် Facebook ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်နေပြီလို့ပြောလို့ရပါတယ်။ Facebook User တွေရဲ့ ဒီ Stories Option အသုံးပြုမှုဟာဆိုရင်လည်း အခြား Facebook Option တွေကိုအသုံးပြုမှုထက် ပိုမိုကြီးထွားလာတာကိုတွေ့ရှိရပါတယ်။ ဒီ Stories Option ကိုအသုံးပြုလာကျတာကတော့ ယာယီ ၂၄ နာရီလောက်သာ Post တင်ထားချင်တယ် ဆိုတဲ့ အကြောင်းပြချက်အတွက် အသုံးပြုလာကျပါတယ်။
Facebook Stories ဟာဆိုရင် သာမန် User တွေအတွက်သာမက Business Page တွေအတွက်ပါ အသုံးဝင်တဲ့ Option တစ်ခုဖြစ်လာခဲ့ပါတယ်။ ဥပမာ-
ဒီ Facebook Stories မှာပါတဲ့ Sticker တွေထဲမှာမှ Countdown ဆိုတဲ့ Sticker လေးဟာ Business Page တွေရဲ့ Product/Service တွေကို Promotion ကာလ စတင်မဲ့ အချိန်တွေ ပြီးဆုံးမဲ့ အချိန်တွေ Countdown ပြုလုပ်နိုင်တဲ့ အတွက် User တွေရဲ့ Engagement ကို ဆန်းသစ်တဲ့ ပုံစံနဲ့ ရယူနိုင်ခဲ့ပါတယ်။
နောက်ထပ် Facebook က Page Stories တွေအတွက် အသစ်ထပ်မံထည့်သွင်းလိုက်တဲ့ Sticker တစ်ခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီ Page Stories တွေအတွက် အသစ်ထပ်မံထည့်သွင်းပေးလိုက်တဲ့ Sticker လေးကတော့ CTA ဆိုတဲ့ Sticker လေးပဲဖြစ်ပြီး၊ အရှည်ကောက်ကတော့ Call To Action ပဲဖြစ်ပါတယ်။ Online Shopping Page တွေ Agency Page တွေမှာဆိုရင် ဒီ CTA Sticker လေးက User တွေကမိမိ Product ကိုဝယ်ချင်လို့ပဲဖြစ်ဖြစ်၊ Service လိုချင်ပဲဖြစ်ဖြစ် တင်ထားတဲ့ Page Stories ကနေတဆင့်တိုက်ရိုက် Page ကိုဆက်သွယ်နိုင်အောင် ပြုလုပ်ပေးတာဖြစ်တဲ့ အတွက် User တွေအတွက် အချိန်ကုန်သက်သာစေပြီး နှစ်ဦးနှစ်ဖက် အတွက် အကျိုးရှိစေမဲ့ Sticker သစ်လေးလို့လဲပြောနိုင်ပါတယ်။
Ref - socialmediatoday