31 Oct 2020
Windows 10 ကိုလည်း အသုံးပြုနေတယ်၊ သီချင်းနားထောင်ရတာကိုလည်း နှစ်သက်တယ်ဆိုတဲ့ Windows 10 User တွေအတွက် Windows 10 မှာ ရွေးချယ်စရာ Free Music Player App အချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်…
1.Dopamine
ဒီ Music Player လေးကတော့ သင့် Windows ပေါ်က သီချင်းတွေကို ပိုမိုကောင်းမွန်တဲ့ Quality မျိုးတွေနဲ့ခံစားနားဆင်နိုင်ဖို့ အတွက် Equalizer, Multiple Themes အစရှိတဲ့ Music Management Tools တွေပါဝင်ပါတယ်။ Dopamine Music Player က AAC, M4A, OGG, FLAC နဲ့ Audio File Format တော်တော်များများကို Support လုပ်ပေးနိုင်ပါတယ်။ Dopamine ရဲ့ Theme ဟာဆိုရင်လည်း အနက်ရောင်ကိုဦးစားပေးထားတာ ဖြစ်တဲ့ အတွက် Smart ကျတယ်လို့လည်း မြင်မိပါတယ်။ Windows 10 User တွေအတွက် ဒီ Dopamine Music Player က ရွေးချယ်စရာ Music Player App စာရင်းထဲက တစ်ခုဆိုရင်လည်းမမှားပါဘူး။
2.AIMP
ဒီ AIMP Music Player App ဟာဆိုရင်လည်း Windows 10 User တွေ အတွက်ရွေးချယ်စရာ Music Player ထဲမှာပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီ AIMP မှာ User တွေအကြိုက်တွေ့စေမဲ့ Customization Option အများအပြားပါဝင်ပြီး 18-Band Equalizer နဲ့ Sound Mixing လည်းပါဝင်ပါတယ်။ CDA, AAC, AC3, DTS နဲ့ အခြားသော Audio File Format အများအပြားကိုလည်း Support လုပ်ပေးနိုင်သေးတာ ဖြစ်တဲ့ အတွက် AIMP ဟာရွေးချယ်စရာ Music Player App တစ်ခုစာရင်း ဝင်ခဲ့ပါတယ်။
3.MediaMonkey
MediaMoneky ဆိုတဲ့ Music Player App ဟာဆိုရင်လည်း အမိုက်စား UI Design နဲ့ ရွေးချယ်စရာ Music Player App နောက်တစ်ခုပဲဖြစ်ပါတယ်။ MediaMonkey ရဲ့ လူကြိုက်များစေတဲ့ အချက်တစ်ချက်ကတော့ Series, Albums, Artist တွေကို မိမိကြိုက်နှစ်သက်သလိုစီစဉ်နိုင်တဲ့ Automatic Organization Algorithm ကြောင့်လို သိရှိရပါတယ်။ AAC, OGG, WMA, FLAC နဲ့ အခြားသော Audio File Format အများအပြားကိုလည်း Support လုပ်ပေးနိုင်သေးတာ ဖြစ်တဲ့ အတွက် MediaMonkey ဟာရွေးချယ်စရာ Music Player App တစ်ခုစာရင်းဝင်ခဲ့ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဒီ MediaMonkey မှာလုပ်ဆောင်နိုင် သေးတာကတော့ Image File တွေကိုအလည်း မိမိနှစ်သက်ရာနေရာမှာ အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ Music Player တွေကတော့ Windows 10 User တွေရွေးချယ်နိုင်မယ့် Music Player App တွေဖြစ်သလို အခြားသော Music Player App တွေလည်း ရှိသေးတဲ့အတွက် မိမိနှစ်သက်ရာ Music Player App ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။