08 Aug 2019
လာမယ့် 2020 မှာ Launch လုပ်မယ်လို့ ကြေညာထားတဲ့ Facebook Cryptocurrency ဖြစ်တဲ့ ‘Libra’ ဟာ Marketer တွေနဲ့ သက်ဆိုင်လာမယ့် Online Currency တစ်မျိုး ဖြစ်ပါတယ်။ ‘Libra’ ရဲ့အဓိက Mission က လူတိုင်းသုံးနိုင်မယ့် ရိုးရှင်းတဲ့ Global Currency အဖြစ်နဲ့ Create လုပ်ပြီး အနာဂတ်မှာ Digital Marketing ကပိုမိုတောက်ပလာနိုင်ဖို့ ဖြစ်ပါတယ်။ Facebook ကဒီ Cryptocurrency နဲ့ Online မှာဖြစ်ပေါ်နေတဲ့ Payment Problem တွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Libra သာ Launch လုပ်ခဲ့မယ်ဆိုရင် အဆင်ပြေလာစေမယ့် အချက်တွေကတော့…
- Security စနစ်က Highly Secure ဖြစ်တဲ့အတွက် ယုံကြည်စွာ အသုံးပြုနိုင်မယ်
- အနာဂတ်နည်းပညာ၊ အုပ်ချုပ်မှုပိုင်းတွေနဲ့ သင့်လျော်တဲ့ Cryptocurrency ဖြစ်လာမယ်
- Online Payment အခက်အခဲရှိတဲ့ နေရာဒေသတွေမှာလဲ ဒီ Cryptocurrency ကိုအသုံးပြုပြီး ဖြစ်နေတဲ့ Payment Problem ကို အကောင်းဆုံး ဖြေရှင်းလာနိုင်မယ်
နောက်တစ်ချက်အနေနဲ့ ဒီ Cryptocurrency နဲ့ပတ်သတ်ပြီး Facebook က ကိုယ်ပိုင် Cryptocurrency ပုံစံနဲ့ အခွင့်အရေးမယူပဲ အခြား Online Payment ကို အဓိကထားပြီး လုပ်ကိုင်နေတဲ့ Company တွေကိုပါ တန်းတူ အသုံးပြုနိုင်ဖို့အတွက် Libra Association ဆိုတဲ့ Organization ကိုလည်း အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။
Facebook User တွေအနေနဲ့လည်း ဒီ Libra ကို အသုံးပြုပြီး ငွေပေးချေမှုတွေကို အခက်အခဲမရှိ ပြုလုပ်သွားနိုင်မှာပါ။ Facebook မှာသုံးမယ့် ‘Libra’ ကိုတော့ ‘Calibra’ ဆိုတဲ့နာမည် ကို ပေးထားပါသေးတယ်။
ဒီ Cryptocurrency ကို 2020 နှစ်လယ်လောက်မှာ Launch လုပ်သွားမှာဖြစ်တဲ့အတွက် Online Payment ကို အဓိကထား အသုံးပြုနေတဲ့ Company တွေ Digital Marketing ပိုင်းကို စိတ်ဝင်စားသူတွေ အနေနဲ့ စောင့်ကြည့်သင့်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။