22 Nov 2020
လက်ရှိ အချိန်ကာလ ကမ္ဘာတစ်ဝှမ်းမှာ Email user ပေါင်း 3.7 Billion အထိရှိနေပြီဖြစ်ပြီး 2022 မှာဆို 4.3 billion အထိမြှင့်တက်နိုင်တယ်လို့ခန့်မှန်းထားကျပါတယ်။ Business တွေဟာဆိုရင်လည်း ထိရောက်တဲ့ Email Marketing Strategy တွေကိုဖန်တီးဖို့လိုအပ်နေပါတယ်။ဒါကြောင့် Email Marketing အတွက် အဆင်ပြေချောမွေ့စေပြီး ထိရောက်တဲ့ Email တွေကိုဖန်တီးပေးရာမှာအထောက်အကူပြုတဲ့ Email Marketing Tools အချို့ကိုဖော်ပြပေးလိုပါတယ်။
1.Cakemail
ဒီ Cakemail ဆိုတဲ့ Tool ကတော့ Small Business တွေအတွက် Email တစ်စောင်ဖန်တီးတဲ့နေရာမှာ ထိထိရောက်ရောက်ကူညီပေးနိုင်ပါတယ်။သင့်ရဲ့ Email ကိုအချိန်တိုအတွင်းမှာပဲ Font တွေ Color တွေ Theme တွေကိုပြောင်းလဲဖန်တီးလို့ရပါတယ်။ Readymade Template တွေလဲပါရှိတဲ့အပြင် သင့်ရဲ့ Email ရေးတဲ့နေရာမှာလွယ်ကူစေဖို့ Content Library လဲပါရှိပါသေးတယ်။ဒီ Software ကိုအသုံးပြုချင်ရင်တော့ Free Trial အနေနဲ့စမ်းသုံးလို့ရပြီး 1 Month ကို 8$ ကျသင့်မှာဖြစ်ပါတယ်။
2.Clearbit Connect
ဒီ Tool ကတော့ Email ID ရှာဖွေတဲ့နေရာမှာ အသုံးဝင်ပြီး စက္ကန့်ပိုင်းအတွင်း သင်ရှာဖွေတဲ့ ID နဲ့ Connect လုပ်ဖို့ကူညီပေးနိုင်ပါတယ်။ကိုယ်ရှာချင်တဲ့သူရဲ့ Job Title, Role နဲ့အခြားဆီလျော်တဲ့အချက်အ လက်စတာတွေကနေတစ်ဆင့်ရှာဖွေနိုင်ပါတယ်။ဒါ့အပြင်သင့်ရဲ့ဈေးကွက်အတွက် လိုအပ်တဲ့ Email User တွေစုစည်းဖို့အတွက်လည်းအထောက်အကူပြုတဲ့ Tool တစ်ခုပါ။ ဒါလေးကတော့ Free အသုံးပြုလို့ရတဲ့ Tool တစ်ခုပါ။
3.AWeber
AWeber ကတော့ လူကြိုက်များတဲ့ Email Marketing Software တစ်ခုပါ။ Newsletter တွေနဲ့ Email Campaign တွေဖန်တီးဖို့အတွက်အသုံးဝင်တဲ့ Software ပါ။ ထိရောက်တဲ့ Email တစ်စောင်ဖန်တီး ဖို့အတွက် Readymade Template တွေအပြင် အခြားသော Function တွေစုံလင်စွာပါဝင်ပါတယ်။ ဒီ Tool လေးကတော့ 1 Month Free Trial ပါရှိပြီး 1 month ကို 19$ ကျသင့်မှာဖြစ်ပါတယ်။
4.Campaign Monitor
Campaign Monitor ကတော့ အလွန်ထိရောက်တဲ့ Email Marketing Automation Tool တစ်ခုပါ။ Email တစ်စောင်ဖန်တီးဖို့ Professional Design Template တွေပါရှိပြီးသင့်ရဲ့ Email ကို Professional ကျကျဖန်တီးနိုင်မှာဖြစ်ပါတယ်။သင့်ရဲ့ Email တွေကို Schedule ချထားလို့ရပြီးအခြားသော ပြောင်မြောက်တဲ့လုပ်ဆောင်ချက်တဲ့စုံလင်စွာပါဝင်တဲ့ Tool တစ်ခုပါပဲ။ အသုံးပြုချင်တယ်ဆိုရင်တော့ Free Trial ပါရှိပြီး 1 Month ကို 9$ ဖြင့်ဝယ်ယူအသုံးပြုလို့ရပါတယ်။
Ref-ShaneBaker