25 Jun 2020
Blog တစ်ခုတည်ဆောက်တော့မယ် Blog Name ကောင်းတစ်ခုရွေးချယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေအတိုင်းရွေးချယ်သွားခြင်းဖြင့် လွယ်ကူအဆင်ပြေစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
သင်ရွေးချယ်ထားတဲ့ Target audience တွေအတွက် ဆက်စပ်တဲ့စကားလုံးများကို Blog Name အတွက်ရွေးချယ်သင့်ပါတယ်။
Action words တွေဖြစ်တဲ့ Go, Win, Make စတဲ့ ပြောင်းလဲမှုကိုနှိုးဆော်တဲ့စကား လုံးထည့်သွင်းစဥ်းစားသင့်ပါတယ်။
ယေဘုယျအားဖြင့် နာမည်ကြီးနေတဲ့ Brand တွေရဲ့ နာမည်တွေ ဥပမာ Apple, Google စတဲ့နာမည်တွေကိုလေ့လာရှာဖွေကြည့်ပါ။
သင့်ရဲ့
Audience နှစ်သက်မဲ့ စကားလုံးကိုသွယ်ဝိုက်ပြီး သင့်ရဲ့ Blog နာမည်မှာထည့်သွင်းနိုင်ဖို့လည်းတွေးကြည့်ပါ။
သင့်ရဲ့ ကိုယ်ပိုင်နာမည်ကိုအသုံးပြုချင်တယ်ဆိုရင်လည်း ဘယ်သူမှအသုံးမပြုခင် ရွေးချယ်လိုက်ပါ။
သူများနဲ့မတူတဲ့ဘောင်အတွင်းကမဟုတ်တဲ့နာမည်မျိုးလဲရွေးချယ်နိုင်ပါတယ်။ဥပမာ ထူးခြားတဲ့အသီးနာမည် သို့မဟုတ် အရောင်ဆန်းဆန်းပြားပြားတွေရဲ့နာမည်မျိုးတွေပါ။
Alliteration စကားလုံးတွေကိုအသုံးပြုပါ။
Alliteration သည်သင့်ရဲ့ Blog ကိုမှတ်မိရန်လွယ်ကူစေနိုင်ပါတယ်။ ဥပမာ-
PurplePlum ဆိုတာမျိုးပါ။
စကားလုံးများကိုပေါင်းစပ်ပြီးပေးခြင်းကလည်း ခေါ်ရလွယ်ကူစေလို့ တိုတိုနှင့်မှတ်မိရန်လွယ်ကူသောစကားလုံးနှစ်ခုကို ပေါင်းစပ်ပြီးပေးကြည့်ပါ။
Social Platform တွေဖြစ်တဲ့ Facebook, Instagram Twitter စတာတွေမှာ သင်ပေးမဲ့ Blog name ရှိပြီးသားလားစစ်ဆေးပါ။