03 Jun 2019
ဒီတစ်ခေါက် ဝေမျှပေးသွားမယ့် အကြောင်းအရာကတော့ Facebook စာမျက်နှာ ပေါ်မှာ Gif File လေးတွေကို ကိုယ်တိုင် လွယ်လွယ်ကူကူနဲ့ ဖန်တီးနိုင်အောင် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်...
-အဆင့် (၁) အနေနဲ့ GIPHY ဆို Website ကိုသွားရပါမယ်
-အဆင့် (၂) အနေနဲ့ Create Button ကိုနှိပ်ပါ
-အဆင့် (၃) မှာတော့ Image နဲ့လုပ်ချင်တာလား၊ Video နဲ့လုပ်ချင်တာလား ဆိုတာရွေးပါ
-အဆင့် (၄) မှာ Duration ကို မိမိစိတ်ကြိုက် လုပ်နိုင်မယ့် Adjust Button ရှိပါတယ်၊ စိတ်ကြိုက်ဖြစ်ပြီဆိုရင် Continue to Decorate ဆိုတဲ့ Button ကိုနှိပ်ပါ
-အဆင့် (၅) မှာတော့ မိမိနှစ်သက်တဲ့ Caption, Stickers, Filters, Draw ဆိုတဲ့ Title တွေမှာ အသေးစိတ်ရွေးချယ်နိုင်ပါတယ်၊ ပြီးရင်တော့ Continue to Upload ဆိုတဲ့ Button ကိုနှိပ်ပါ
-အဆင့် (၆) မှာ Upload to GIPHY ကိုနှိပ်ပါ
-နောက်ဆုံး အဆင့်မှာတော့ Share to Facebook ဆိုတဲ့ Facebook Icon လေးကို နှိပ်ပြီး သင့် Facebook စာမျက်နှာပေါ်မှာ တင်နိုင်ပါပြီ။ Facebook မှာပဲ မဟုတ်ပဲ အခြား Social Media Network တွေဖြစ်တဲ့ Twitter, Instagram, Tumblr, Pinterest, Reddit တို့အတွက်လည်း အသုံးပြုနိုင်ပါတယ်
သာမန် User တွေအတွက် Entertainment တစ်ခုအနေနဲ့ သုံးနိုင်ပြီး၊ Business Page တွေအတွက် Product ကြော်ညာတွေ အတွက် အသုံးပြုနိုင်ပါတယ်။ ဒီတော့ Gif File လေးတွေဖန်တီးပြီး ကိုယ်ရဲ့ Facebook စာမျက်နှာပေါ်မှာ Post တွေ Comment တွေဖန်တီးနိုင်ပါပြီ။