19 Jun 2018
HP ကနေထုတ်လုပ်ထားတဲ့ User တွေအတွက် စျေးကလဲအသင့်အတင့်နဲ့ သုံးရတာလဲမိုက်တဲ့ HP ရဲ့EliteBook Serials တွေထဲက HP EliteBook 8470P လေးအကြောင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။ဒီ EliteBook လေးရဲ့ Body ဟာ Aluminium နဲ့ ပြုလုပ်ထားတာဖြစ်တဲ့ အတွက် Design ပိုင်းမှာကတော့ သေသေသပ်သပ်နဲ့ User နှစ်သက်မဲ့ Design လေးပါ။ ၁၈၀
ံချိုးပြီး အသုံးပြုလို့ရတဲ့အပြင် HPရဲ့ Synaptics Fingerprint Sensor နဲ့ Face Sensor လဲပါဝင်တာဆိုတော့ အသုံးပြုရတာ တော်တော်လေးကိုတန်ပါတယ်။ Update Device မှာတော့ Mobile Sim Slot ပါဝင်ပြီး တခြား Slot တွေမှာတော့USB Slot (၄) ပေါက်၊ HD, HDMI, VGA, Lan, Card Reader စတဲ့ Slot တွေပါဝင်ပါတယ်။ CPU မှာ Core i5, 3rd Generation ကို 2.6GHz နဲ့ဆိုတော့ ရုံးသုံး၊ ကျောင်းသုံး အတွက်ကတော့ အေးအေးဆေးဆေး အသုံးပြုလို့ရပါတယ်။ RAM ကလဲ 4GB ကနေ 8GB အထိတိုးပြီး အသုံးပြုနိုင်ပါတဲ့ အပြင် Graphicကို 4th Generation Graphics 4000 LED HD Display Anti-Glare (1702MB) ကိုအသုံးပြုထားတဲ့အတွက် Office, Photoshop, Autocad နဲ့ Normal Game တွေအတွက်တော့ ကောင်းကောင်းမွန်မွန်အသုံးပြုနိုင်ပါတယ်။ HDD ကိုလဲ 2000GB အထိတိုးပြီးသုံးနိုင်သလို SSD ကိုလဲပြောင်းပြီးသုံးလို့ရပါသေးတယ်။ Sound Audio ကိုလဲ High Quality Stereo အသုံးပြုထားတဲ့အတွက် သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတွေကိုလဲ ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ အသေးစိတ် Specificationတွေကတော့………
-Core i5 2.6GHz
-3rd Generation
-RAM 4GB (up to 8GB)
-Graphic HD 4000 (1792MB)
-HDD 320GB (up to 2000GB)
-Wifi, Bluetooth
-USB 3.0, HD, HDMI, Card Reader
-Audio Jack
-DVD Drive
-14 inches Display
Ref- notebookcheck