31 May 2019
Social Media စာမျက်နာတွေမှာ Audience Attention ရယူနိုင်ဖို့ အတွက်ဆိုရင် အပြိုင်အဆိုင်တွေ အများကြီးကျော်ဖြတ်ရပါတယ်။ ဒီလိုကျော်ဖြတ်ဖို့ သေချာပြီဆိုရင်တော့ တိကျသေချာတဲ့ လုပ်ဆောင်ချက်တွေနဲ့ Audience ကို စွဲဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အဓိက ကျတဲ့ နည်းလမ်း တစ်မျိုးထဲမှာ ပါဝင်တာကတော့ Image သုံးတဲ့ Guideline နဲ့ Image Requirement တို့ပဲဖြစ်ပါတယ်။ မှန်ကန်တဲ့ Image ကိုသုံးထားတဲ့ Post တွေ Profile တွေဟာ သာမန် Post တွေ Profile တွေထက် ပိုပြီး Professional ဆန်တယ်လို့ မြင်ကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ Product Post တွေ၊ Ads Run ထားတဲ့ Post တွေဆိုရင် Image သုံးထားတာ ပေါ်မူတည်ပြီး Click Gain တွေ၊ Reach/Engagement တွေတောင် ပိုရရှိစေပါတယ်။
ဒါကြောင့် တိကျမှန်ကန်တဲ့ Facebook Image Size နဲ့ Dimension တွေကို ဖော်ပြပေးသွားပါမယ်...
Facebook Page တွေရဲ့ Profile Photo Size ဟာဆိုရင် Desktop မှာ 170x170 pixels, Smartphone မှာ 128 x 128 pixels နဲ့ Other Phone မှာ 36 x 36 pixels နဲ့တင်နိုင်ပြီး 7-second Video လည်းတင်နိုင်ပါတယ်။
Page ရဲ့ Cover Image Size ကတော့ Desktop မှာ 820 x 312 pixels, Smartphone မှာ 640x360 pixels နဲ့ တင်နိုင်ပါတယ်။ အနည်းဆုံး 400 x 150 ရှိဖို့ လိုအပ်ပါတယ်။ 360 Degree Photo နဲ့ Video လည်းတင်နိုင်ပါတယ်။
Stories မှာတင်မယ့် Video တွေဆိုရင် အကြာဆုံး Duration 15-second Video တင်နိုင်ပြီး၊ သတ်မှတ်ထားတဲ့ Video width ကတော့အနည်းဆုံး 500 pixels ရှိဖို့လိုအပ်ပါတယ်။ Image တင်မယ်ဆိုရင်တော့ 5-seconds တင်နိုင်မှာ ဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ File Size က
တော့ 30MB အထိပဲ တင်နိုင်ပါတယ်။
Brand Awareness အတွက် Recommended Photo Size ကတော့ 1200x628 pixels, Recommended Video Ratio ကတော့ 4:3 ရှိဖို့လိုပြီး၊ File Size အနေနဲ့ 1.75GB ရှိဖို့လိုအပ်ပါတယ်။
Clicks To Website အတွက် သုံးထားတဲ့ Image တွေအတွက် Recommended Size ကတော့ Desktop မှာ 1200x628 pixels ရှိဖို့လိုပြီး၊ Smartphones 560 x 292 pixels ရှိဖို့ လိုအပ်ပါတယ်။
ဖော်ပြခဲ့တဲ့ အချက်တွေက Facebook ပေါ်မှာ စီးပွားရေးလုပ်ငန်း အတွက် Image သုံးတဲ့ အခါမှာ သိထားသင့်တဲ့ သတ်မှတ်ချက်တွေ ဖြစ်ပါတယ်။
Ref - socialmediatoday