အခုမှာ လူတိုင်းနီးပါး အင်တာနက်ကို အသုံးပြုလာကြပြီး စီးပွားရေးလုပ်ငန်းတော်တော်များများကလည်း Online Marketing နည်းဗျူဟာတွေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်လာကြပါတယ်။ Mobile Phone တွေကိုလည်းလူတိုင်းနီးပါး ဝယ်ယူအသုံးပြုနေနိုင်ပြီဖြစ်တဲ့ အတွက် အင်တာနက် အသုံးပြုမှုက ပိုပိုပြီး မြင့်တက်လာဖို့ပဲ ရှိပါတယ်။ PC နဲ့အသုံးပြုနေကြတဲ့လူတွေကလည်း ပိုကျယ်ပြန့်လာတဲ့ အင်တာနက်ကနေ နည်းပညာသစ်တွေ၊ လေ့လာစရာ ပညာရပ်တွေအတွက် ပိုပြီး အဆင်ပြေလာပါတယ်။ Mobile နဲ့ရော မလေ့လာနိုင်ဘူးလားဆိုရင်တော့. Mobile နဲ့လည်း လေ့လာနိုင်ပါတယ်၊ ဒါပေမဲ့ PC မှာကျတော့ပိုပြီး Productive ဖြစ်ဖြစ်လေ့လာနိုင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
အင်တာနက်ကို လူတိုင်းနီးပါသုံးနေကြပေမယ့် အင်တာနက်ပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လူတိုင်းနီးပါမသိနိုင်ပါဘူး။ ဒါကြောင့် ယခုလက်ရှိ ၂၀၁၉ ရဲ့အင်တာနက်ပေါ်မှာ မိနစ်တိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ အချက်အလက်တွေကို ဖော်ပြပေးသွားပါမယ်...
- နာမည်ကြီး Movie Streaming/Movie App တစ်ခုဖြစ်တဲ့ Netflix မှာ User တွေရဲ့ Video Stream Hour က 69,444 Hour ရှိပါတယ်
- Online food ordering company တစ်ခုဖြစ်တဲ့ Grubhub မှာတော့ 8,683 Order လက်ခံရရှိပါတယ်
- Instagram မှာဆိုရင် User တွေက Stories Post 277,777 Post တွေတင်ပြီး Photo Post 55,140 Post တင်ကြပါတယ်
- YouTube မှာ User တွေက 4,500,000 Video ကြည့်ကြပါတယ်
- Twitter User တွေက 511,200 Tweets ပို့ကြပါတယ်
- Email User တွေက 188,000,000 သော Email စောင်ရည် ပိ့ုနေကြပါတယ်
- Skype User တွေက 231,840 Skype Call တွေ Call ကြပါတယ်
- American တွေရဲ့ Internet အသုံးပြုတဲ့ Data အရည်အတွက်က 4,416,720 GB ရှိပါတယ်
- Airbnb ရဲ့ Reservations က Booking 1386 ရရှိပါတယ်
- Uber User တွေရဲ့ Uber အသုံးပြုမှုက 9,772 Ride ရှိပါတယ်
- PayPal ကပိုင်တဲ့ Mobile payment service ဖြစ်တဲ့ Venmo ကိုအသုံးပြုထားတဲ့ Transactions Amount က $162,037 ရှိပါတယ်
- Google Search Engine ကိုသုံးပြီး ရှာဖွေတဲ့ Search Result တွေက 4,497,420 ရှိပါတယ်
- App Downloading အရေအတွက်တွေဟာဆိုရင်လည်း 390,030 ရှိပါတယ်
- Tumbler User တွေရဲ့ Publish Post တွေကတော့ 92,340 Post ရှိပါတယ်
- နာမည်ကြီး Live streaming video platform တစ်ခုဖြစ်တဲ့ Twitch မှာ User တွေကြည့်ရှုတဲ့ Video အရေအတွက်က 1,000,000 ရှိပါတယ်
- Love Hashtag (#Love) အသုံးပြုပြီး Post တင်တဲ့ အကြိမ်ရေဟာလည်း 23,211 ကြိမ်ရှိပါတယ်
- Giphy မှာပြုလုပ်ပြီးှ အသုံးပြုထားတဲ့ Gifs အရေအတွက်ကလည်း 4,800,000 File ရှိပါတယ်
ဒီအချက်တွေက၂၀၁၉ ရဲ့အင်တာနက်ပေါ်မှာ မိနစ်တိုင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုတွေက နယ်ပယ်စုံမှာ ထွန်းကားနေတာကိုလည်း တွေ့ရှိရပါတယ်။ အင်တာနက်နဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကိုလည်း မိတ်ဆွေတို့ သိရှိနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်