10 Aug 2018
Professional Social Network တစ်ခုဖြစ်တဲ့ LinkedIn ဟာဆိုရင် ယခုအချိန်မှာ အသုံးပြုသူ 575 Millionရောက်ရှိခဲ့ပါတယ်… ဒီ LinkedIn အသုံးပြုသူတွေကို မှတ်တမ်းပြုရမယ်ဆိုရင် LinkedIn ကို အများဆုံးအသုံးပြုတာကတော့ မြောက်အမေရိကတိုက်ပဲဖြစ်ပါတယ်။ Audience Share နဲ့ စိတ်ဝင်စားမှု အများဆုံးနေရာဆိုရင်လည်း မမှားပါဘူး။ ဒုတိယ LinkedIn အသုံးပြုသူများတဲ့ နိုင်ငံတစ်နိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီးတတိယနိုင်ငံကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ပဲဖြစ်ပါတယ်။
အရေအတွက်နဲ့ပြရမယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံမှာ LinkedIn အသုံးပြုသူ 50 Million ရှိပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဆိုရင်တော့ 42 Million ရှိပါတယ်။
LinkedIn အသုံးပြုသူစာရင်းဟာ April လမှာ 500 Million ရောက်ရှိခဲ့ပါတယ်။ ဆိုလိုချင်တာကတော့ LinkedIn ဟာ (၁၆) လ အတွင်းမှာ ပဲအသုံးပြုသူ 75 Million တိုးလာအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ အခြားSocial Network Platform တွေအနေနဲ့ အထက်ပါကာလအတွင်းမှာပဲ Facebook ဟာ အသုံးပြုသူ 146 Million ဝန်းကျင် တိုးတက်ခဲ့ပြီး၊ Twitter ဟာ 9 Million ဝန်းကျင်လောက်အထိ တိုးတက်ခဲ့ပါတယ်။ ဒီတစ်ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် Social Network Platform တွေထဲမှာ LinkedIn ရဲ့ အသုံးပြုသူတိုးတက်လာမှုက ကောင်းတဲ့အလားအလာမှာရှိပါတယ်။ LinkedIn ရဲ့ အသုံးပြု စာရင်းကို အောက်ပါပုံမှာ
ကြည့်ရှုလေ့လာနိုင်ပါတယ်။
Ref - socialmediatoday