07 Apr 2021
Media Plan ဆိုတာက Product အသစ်တွေ Launch လုပ်ဖို့၊ Campaign အသစ်တွေလုပ်ဖို့ လိုအပ်တဲ့ General Strategy တွေဖန်တီးဖို့ အတွက် Media တွေအားလုံးကို ပေါင်းပြီး သင့်တော်တဲ့ Plan ကိုရွေးချယ်တာပဲဖြစ်ပါတယ်။ Rebranding လုပ်ဖို့လိုအပ်တဲ့အခါမှာလည်း Media Plan တည်ဆောက်ဖို့လိုပါတယ်။ Content Creation နဲ့ Paid Ads တွေလုပ်တဲ့ အခါမှာ Media Plan ရှိထားခြင်းက အထောက်အကူ အများကြီးပြုပါတယ်။
Media Plan တည်ဆောက်ဖို့ အဓိက သော့ချက် ကတော့ ကိုယ့်လုပ်ငန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လိုအပ်ချက်၊ Budget နဲ့ကိုက်ညီမယ့် Media Platform ကိုရွေးချယ်ဖို့ လိုပါတယ်။ ဥပမာ - Facebook မှာ Run သင့်တဲ့ Content ကို Twitter မှာသွား Run ခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ KPI ကိုရောက်မှာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ လုပ်ငန်းတွေအတွက် Media Plan တည်ဆောက်နိုင်မယ့် Media Source အချို့ကို ဝေမျှပေးချင်ပါတယ်...
Social Media
Social Media ဆိုတာသင့်ရဲ့ Brand ကို Customer တွေနဲ့ရိုးရှင်းစွာဆက်သွယ်ပေးတဲ့ Marketing channel ဖြစ်ပြီး လက်ရှိ Marketing နည်းလမ်းတွေထဲမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Social Media ကနေတစ်ဆင့် Customer တွေကိုသင့်ရဲ့ Product ဒါမှမဟုတ် Service ရဲ့ Information တွေကိုဖော်ပြနိုင်ခြင်း၊ Customer တွေရဲ့တုံ့ပြန်ချက်တွေအကြံပေးချက်တွေကိုနားထောင်နိုင်ပြီး ထိုမှတစ်ဆင့် Customer relationships ကိုတည်ဆောက်နိုင်ခြင်း စတဲ့အချက်တွေကြောင့် Social media marketing ဟာထိရောက်တဲ့နည်းလမ်းလို့ဆိုတာပါ။
Paid Media
ဒီ Paid Media မှာတော့ Paid Social နဲ့ Paid Search တွေဖြစ်ပါတယ် (ဥပမာ- Google Ads)။ Facebook, Twitter, Pinterest နဲ့ LinkedIn တို့မှာဆိုရင် Paid Social အပိုင်းမှာပါဝင်ပါတယ်။ Facebook ရဲ့ Paid Ads တွေဟာဆိုရင် Audience Targeting နဲ့ Budget ချိန်ညှိတဲ့ အပိုင်းမှာ တော်တော်ကို သက်သက်သာသာနဲ့ထိရောက်ပြီး သင့် လုပ်ငန်းနဲ့ ပတ်သတ်ပြီး Organic Engagement နဲ့ Paid Engagement ရရှိလာစေပါတယ်။ အခြား Media တွေလည်း နည်းတူ သက်ရောက်မှုရှိပါတယ်။ Email Marketing ဟာဆိုရင်လည်း နောက်ထပ်ထိရောက်တဲ့ Media Plan တစ်ခုဖြစ်ပါတယ်၊ ဒီ Email Marketing အပိုင်းမှာဆိုရင် Audience တွေဆီကိုတစ်လ Email ၂ စောင်ပို့ဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ သင့်ဆီမှာ Quality ကောင်းတဲ့ Content တွေရှိနေမယ်ဆိုရင် ၁ ပတ်ကို ၁ စောင်ပို့ဖို့ အကြံပြုပါတယ်။ ပို့လိုက်တဲ့ Email ကို Share တဲ့သူတွေ ဖွင့်ကြည့်တဲ့ သူတွေအနည်းနဲ့ အများရှိခဲ့မယ်ဆိုရင် သင့်ရဲ့ Audience Listing တည်ဆောက်နိုင်ပါပြီ။ နောက်ပိုင်းမှာ Email Marketingနဲ့ ထိရောက်တဲ့ Engagement တွေရရှိလာမှာ ဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေက တော့ Branding, Rebranding တွေအတွက် Media Plan ကောင်းတစ်ခုဘယ်လို တည်ဆောက်ရမလဲဆိုတာနဲ့ Media Plan ရှိထားခဲ့မယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးရလဒ် တွေပဲဖြစ်ပါတယ်။