06 Aug 2019
ဒီတစ်ခေါက် ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ 2019 မှာ Popular အဖြစ်ဆုံး Sites တွေပဲ ဖြစ်ပါတယ်။ ဒီ Sites တွေထဲမှာ မိတ်ဆွေတို့နဲ့ ရင်းနှီးပြီးသား Site တွေလည်းပါဝင်နေတယ်ဆိုတော့ ဆက်လက်ကြည့်ရှုသွားဖို့ လိုအပ်ပါတယ်။
1.Google.com
Google ကတော့ အင်တာနက်အသုံးပြုတဲ့ လူတိုင်းနဲ့ရင်းနီးပြီးသား Site တစ်ခုဖြစ်ပါတယ်။ Google က World Wide မှာ Popular အဖြစ်ဆုံး Search Engine တစ်ခုဖြစ်ပြီး Google ပေါ်မှာနေ့စဉ်ရှာဖွေမှုက 3.5 Billons နဲ့အောင်မြင်ကျော်ကြားနေဆဲပါ။ ဒီ 2019 မှာလည်း Google က Global Market နဲ့ U.S တို့ရဲ့ No.1 Most Popular Site တစ်ခုဖြစ်ခဲ့ပါတယ်။
2.YouTube.com
YouTube ကတော့ ဒုတိယအကြီးဆုံး Search Engine အဖြစ်သတ်မှတ်ခံရပြီး YouTube ကနေ နေ့စဉ် Video ကြည့်ရှုသူ 5 Billion နဲ့ Popular အဖြစ်ဆုံး Video Website တစ်ခုလည်းဖြစ်ပါတယ်။ YouTube ကတော့ Global Market နဲ့ U.S မှာ 2019 No.2 Most Popular Site စာရင်းဝင်ခဲ့ပါတယ်။
3.Facebook.com
Facebook ဆိုရင်တော့ World Wide ကော မြန်မာနိုင်ငံမှာပါ အင်တာနက်အသုံးပြုသူတိုင်းနီးပါး သိကြတဲ့ Social Media Site တစ်ခုဖြစ်ပါတယ်။ Facebook ဟာနေ့စဉ် Active User 1.4 Billion အောင်မြင်နေပြီး တစ်ကမ္ဘာလုံးနီးပါး Communication လုပ်နိုင်တဲ့ Social Media Site တစ်ခုလည်း ဖြစ်ပါသေးတယ်။ Global Market မှာ 2019 No.3 Most Popular Site စာရင်းဝင်ခဲ့ပြီး U.S မှာတော့ No.4 Most Popular Site စာရင်းဝင်ခဲ့ပါတယ်။
4.Baidu.com
Baidu ကတော့ အကြီးဆုံး Chinese-Language Search Engine တစ်ခုဖြစ်ပြီး လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ Search Engine တစ်ခုဖြစ်ပါတယ်။ တရုတ်လူမျိုးတွေရဲ့ အသုံးပြုမှု 90% ရှိတဲ့ Search Engine တစ်ခုလည်းဖြစ်ပါတယ်။ Baidu ကတော့ Global Market ရဲ့ No.4 Most Popular Site စာရင်းဝင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်တော့ No.1 Most Popular Site စာရင်းဝင်ခဲ့ပါတယ်။
5. Wikipedia.org
Wikipedia ကတော့ Resource တွေကို အသေးစိတ်သိရှိနိုင်ဖို့ ရှာဖွေရမှာ အရမ်းကို Useful ဖြစ်တဲ့ Site တစ်ခုပဲဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူသန်းပေါင်းများစွာ အတွက်အလွန်အသုံးဝင်တဲ့ Knowledge-based Resource Site တစ်ခုဖြစ်ပြီး Global Market မှာ No.5 Most Popular Site စာရင်းဝင်ခဲ့ပါတယ်။ U.S Most Popular Site စာရင်းမှာတော့ No.6 စာရင်းဝင်ခဲ့ပါတယ်။
ယခုဖော်ပြခဲ့တဲ့ Site တွေကတော့ အင်တာနက်အသုံးပြုသူတွေအတွက် လိုအပ်တဲ့ အတတ်ပညာတွေ၊ အထောက်အကူတွေကို ရှာဖွေနိုင်တဲ့ 2019 Most Popular Site တွေပဲ ဖြစ်ပါတယ်။