22 Jul 2020
July 17 မှာကျရောက်တဲ့ World Emoji Day မှာ Giant Tech Company တွေက Covid 19 ကာလမှာ Internet User တွေရဲ့ စိတ်ခံစားချက်တွေနဲ့ပတ်သတ်ပြီး Emoji အသစ်တွေကို Update ပေးမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရမှာလည်း 92% သော Internet User တွေရဲ့ နေ့စဥ် Messaging ပြုလုပ်မှုတွေမှာ Emoji တွေကို အသုံးပြုကြတာကို တွေ့ရပါတယ်။ Facebook, Twitter နဲ့ LinkedIn တို့မှာဆိုရင် ဒီ Emoji ထည့်သွင်း အသုံးပြုမှုက Communication ပြုလုပ်တဲ့နေရာမှာ ပိုပြီး မြန်ဆန်ထိရောက်တာကို တွေ့ရပါတယ်။ တချို့ပြောချင်တဲ့ Communication တွေက Emoji ထည့်လိုက်တဲ့ အခါမှာ ပိုပြီးထိရောက်တာတွေလည်း ရှိပါတယ်။
ဒီလိုလူသားတွေရဲ့ စိတ်ခံချက်တွေကို ဖော်ပြနိုင်တဲ့ Emoji တွေဖြစ်တဲ့အတွက် Covid 19 ကာလမှာ အသုံးပြုသူတွေအတွက် Tech Giant Company တွေဖြစ်တဲ့ Facebook, Goolge နဲ့ Apple တို့က Emoji အသစ်တွေ Update လုပ်ဖို့ ကြေညာလိုက်တယ်လို့ ယူဆနိုင်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Emoji တွေကို အောက်ပါပုံတွင် ကြည့်ရှုလေ့လာနိုင်ပါတယ်…