21 Apr 2020
ပြီးခဲ့တဲ့လတွေမှာစမ်းသပ်မှုတွေလုပ်ခဲ့ပြီး ယခုအခါမှာတော့ Facebook ဟာ Facebook နဲ့ Messenger တို့မှာအသုံးပြုနိုင်မဲ့ Care Reaction အသစ်ကိုတရားဝင်ဖော်ပြခဲ့ပါတယ်။
အဲ့ဒီ Reaction အသစ်ဟာ COVID-19 နှင့်သက်ဆိုင်သော Updates သတင်းများအတွက် လျှင်မြန်တဲ့ Response တွေရဖို့ကူညီပေးပါလိမ့်မယ်။
Care reaction ရဲ့ပုံစံလေးကတော့ အသဲနှလုံးကိုပွေ့ဖက်ထားတဲ့နှစ်လိုဖွယ်အပြုံးမျက်နှာလေးဖြစ်ပြီး Facebook ရဲ့ ခုနှစ်ခု Reaction ထဲမှာပါမှာဖြစ်ပါတယ်။
Messenger မှာဆိုရင်တော့ရှိပြီးသား 'Heart' Reaction နေရာမှာPurple Heart Reaction ကိုမှ Beating Animation ပုံစံပြောင်းလဲအသုံးပြုလို့ရမှာဖြစ်ပါတယ်၊
Facebook ရဲ့ဒီ Care Reaction တွေကတော့ User တွေကိုလက်ရှိအကျပ်အတည်းကြားတွင်ကိုယ့်ရဲ့ Emotion တွေကို ဖော်ပြရာမှပိုမိုအဆင်ပြေစေဖို့အပြင် အခြား User တွေနဲ့ Connect လုပ်တဲ့နေရာမှာပိုမိုကောင်းမွန်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။