23 Sept 2020
Facebook ဟာ Ads တွေမှာ တားမြစ်ခဲ့တဲ့ Text Overlay နဲ့ပတ်သတ်တာတွေကို လက်ရှိအချိန်မှာတော့ ဖြုတ်ချလိုက်ပါပြီ။ ယခင်ကာလတွေမှာတုန်းက လုပ်ငန်းတွေမှာ Facebook Ads တွေ Run တဲ့အခါမှာ Image တွေပေါ်မှာ ထည့်တဲ့ Text တွေကို အရေအတွက် အကန့်အသတ်နဲ့ ပြုလုပ်ခဲ့ပါတယ်။ Text တွေအရမ်းများနေတဲ့ အခါမှာ Ads ပေးမ Run သလို ကန့်သတ်ထားတဲ့ စာအရေအတွက်ထည့် အနည်းငယ်များနေတဲ့ အခါမှာ ရသင့်တဲ့ Reach အရေအတွက်ကို အပြည့်အဝ မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။
ယခု ပြောင်းလဲလိုက်တဲ့ Facebook Ads Policy မှာတော့ Facebook Ads Run တဲ့အချိန်မှာ အသုံးပြုတဲ့ Image ပေါ်မှာပါတဲ့ Text အရေအတွက်ကို 20% Text Rule တားမြစ်ထားခြင်းမရှိတော့တဲ့အတွက် Creation ကောင်းကောင်းနဲ့ ထိမိတဲ့အရေအသားတွေကိုပါ Image ပေါ်မှာရေးသားနိုင်ဖို့ အခွင့်အရေး ရရှိခဲ့ပါပြီ။ နောက်ပိုင်းမှာ Visual ကိုဦးစားပေးပြီး ဖန်တီးထားတဲ့ Image တွေနဲ့ Facebook Ads တွေက ပိုပြီး အသုံးတွင်ကျယ်လာဖို့ မြင်နေရပါတယ်။ ဒီလို Image Text နဲ့ပတ်သတ်ပြီး တစ်ဖက်စောင်းနင်း ဖြစ်သွားမယ့် အပေါ်မှာ ပြန်ပြီးထောက်ထားတဲ့ အချက်ကိုလည်း Facebook Update မှာတွေ့မြင်ရပါတယ်။ Image Text နည်းပြီး Creation ပိုကောင်းတဲ့ Content တွေကလည်း Reach, Engagement ပိုရနိုင်တယ်လို့ ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင်း Creative ဖြစ်တဲ့အရေးအသားတွေကို Content မှာသာမက Image တွေမှာဖန်တီးဖို့ရလာပြီဖြစ်လို့ သတင်းကောင်းပဲဖြစ်ပါတယ်။