30 May 2019
Facebook ရဲ့ Report တွေအရ နောက်နှစ်ထဲမှာ Facebook's Cryptocurrency အသစ် Launch လုပ်ဖို့ စီစဉ်နေကြပါပြီ။ Cryptocurrency ဆိုတာကတော့ Online Money လို့ခေါ်ပါတယ်။ Internet Marketing တွေမှာ မြန်ဆန်စွာ အသုံးချနိုင်တဲ့ ငွေကြေးပုံစံပါ။ ဒီ Facebook ရဲ့ Cryptocurrency နာမည်က "GlobalCoin" လို့ ခေါ်ပါတယ်။ ဒီ Cryptocurrency ကတော့ ကိုယ်ပိုင် Transaction Network တစ်ခုဖြစ်လာဖို့ ရည်ရွယ်တယ်လို့ ပြောနိုင်ပါတယ်။ Online Trading လုပ်ငန်းစဉ်တွေ အတွက် ရင်းနှီးမြှုပ်နှံမှု လွှဲပြောင်းမှုပိုင်းမှာ Local Bank တွေသွား Currency တွေချိန်း အစရှိတဲ့ အချိန်ကုန်မှုတွေ ကိုလည်း လျော့နည်းသွား စေပါတယ်။
ဒီ Facebook ရဲ့ ကိုယ်ပိုင် Cryptocurrency သာ Launch လုပ်ဖို့ သေချာခဲ့မယ်ဆိုရင် Facebook က Global Marketplace တစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။ Region အစုံက User တွေအတွက် လုံခြုံစိတ်ချရပြီး မြန်ဆန်တဲ့ Platform Purchase တွေကိုလည်း လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီ Cryptocurrency က Facebook နဲ့ ဆက်စပ်တဲ့ Messenger, WhatsApp, Instagram တွေအထိပါ အကျိုးသက်ရောက် မှာဖြစ်ပါတယ်။ Instagram ကလည်း လက်ရှိမှာ တော်တော်မြန်မြန် ကြီးမားကျယ်ပြန့် လာတဲ့ Social Media Platform တစ်ခုဖြစ်လာသလို eCommerce Ambition တွေကိုလည်း Develop လုပ်နေပါပြီ။ Instagram ရဲ့ Shopping Tags, Checkout, Shop အစရှိတဲ့ Option တွေကတော့ Instagram ရဲ့ eCommerce Ambition တွေဖြစ်ပါတယ်။ "GlobalCoin" Cryptocurrency က ဒီ Option တွေအတွက်လည်း အများကြီး သက်ရောက်မှုတွေရှိလာအုံးမှာဖြစ်ပါတယ်။
ဒီ "GlobalCoin" ရဲ့ အသုံးဝင်မှုတွေက User တွေအတွက် Facilities Function တွေဖြစ်တဲ့ Task, Funds Transfer, Bill Payments, Shopping တွေကို အလုပ်ရှုပ်ခံပြီး Currency တွေသွားချိန်း အစရှိတဲ့ လုပ်ငန်းစဉ်တွေ လုပ်စရာ မလိုတော့ပဲ အဆင်ပြေချော့မွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Online Business တွေအတွက်လည်း အလွန်အသုံးဝင်တဲ့ Cryptocurrency တစ်ခုကတော့ "GlobalCoin" ဖြစ်လားမလားဆိုတာကို စောင့်ကြည့်ကြရမှာပါ။
Ref - socialmediatoday