12 Oct 2018
ကမ္ဘာ့အကြီးဆုံး Social Media Network တစ်ခုဖြစ်တဲ့ Facebook မှာ Update တွေကို ပိုကောင်းသထက်ကောင်းလာအောင် ပြုလုပ်နေပါတယ်။ Facebook Stories ကိုလည်း Update လေးတွေပြုလုပ်နေပါတယ်။ ဒီတစ်ချက်ကလဲ Facebook Stories ကို User တွေပိုပြီး စိတ်ဝင်စားလားဖို့ ရည်ရွယ်ချက်နဲ့ စမ်းသပ်နေတာလို့လဲ ခန့်မှန်းနိုင်ပါတယ်။ ဒီတော့ Facebook Stories မှာ ဘယ်လို Update တွေပြုလုပ်နေလည်းဆိုတာကိုဖော်ပြပေးချင်ပါတယ်…
Stories Map
ဒီ Update လေးကတော့ နည်းနည်းစိတ်ဝင်ဖို့တော့ကောင်းပါတယ်။ Facebook က Friend တွေရဲ့တည်နေရာကို Map လေးပေါ်မှာတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီ Update လေးက သာမန်အချိန်တွေဆိုရင်တော့ဘာမှ မထူးခြားသွားသလို မခံစားရပေးမဲ့ Events တွေရှိခဲ့တဲ့အချိန်တွေမှာဆိုရင် User တွေအချင်းချင်း ကိစ္စရှိတာတွေဘာတွေဆိုရင် မြန်မြန်ဆန်ဆန် တွေ့ရှိနိုင်ပြီး Communication အတွက်ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
Pet Talent Show
ဒီ Update ဟာဆိုရင်တော့ ရိုးရှင်းပါတယ်… အိမ်မွေးတိရစ္ဆာန်ချစ်သူတွေအတွက်ရည်ရွယ်ပြီး ပြုလုပ်ထာခြင်းဖြစ်ပါတယ်။ တစ်ချို့ User တွေဟာ ခွေးလေးတွေကြောင်လေးတွေ ပုံတွေကိုဆို Share တတ်ကျပါတယ်။ ဒီလို Pet Talent Show ဆိုတဲ့ Tool လေးကို Facebook Stories မှာထည့်သွင်းပေးလိုက်တော့ Pet Lovers တွေအနေနဲ့လည်း အရင်ကပုံလေးတွေတင်ရင် ဘာမှမဖြစ်သလိုခံစားရပေးမဲ့ ဒီ Update လေးထွက်လာရင်တော့ အပြိုင်အဆိုင် မိမိတို့ရဲ့ Pet လေးတွေကို Show တစ်ခုမှာတင်ပြရသလိုဆိုတော့ နည်းနည်းတော့ ဆန်းသစ်လာတဲ့လိုခံစားရစေပါတယ်။ Pet Lovers တွေအနေနဲ့ ဒီ Update လေးထွက်လာမယ်ဆိုရင်တော့ နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။
New Stickers
ဒီ Update ကတော့ များများစားစားပြောင်းလဲသွားတာမဟုတ်ပဲ Facebook Stories မှာ Sticker အသစ်လေးတွေပါဝင်လာတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအသစ်ပါဝင်လာမဲ့ Sticker လေးတွေက Gif Sticker အသစ်လေးတွေ၊ Message Me Sticker အသစ်လေးတွေ နဲ့ အတူ Sticker အသစ်တွေအများအပြားပါဝင်လာပါတယ်။
Ref - socialmediatoday