11 Sept 2019
September လရောက်တိုင်း Apple က Product အသစ်တွေကို မိတ်ဆက်ပေးတတ်တာကို Apple ချစ်သူတိုင်း သိကြမယ်လို့ ထင်ပါတယ်။ ဒီ Product အသစ်တွေထဲမှာမှ iPhone အသစ် (၃) လုံးကို ဖော်ပြပေးသွားပါမယ်။ ဒါတွေကတော့ iPhone 11, iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ပဲ ဖြစ်ပါတယ်။
iPhone 11 မှာ Appearance အနေနဲ့ ကြီးကြီးမားမား ပြောင်းလဲသွားတာ သိပ်မရှိပါဘူး။ iPhone 11 Pro နဲ့ iPhone 11 Pro Max မှာကတော့ အရင်ထွက်ခဲ့တဲ့ iPhone တွေနဲ့ ပြောင်းလဲသွားတဲ့ နေရာကတော့ Camera ပဲဖြစ်ပါတယ်။ အရင် iPhone XS, iPhone XS Max တို့မှာ Camera နှစ်လုံးနဲ့ iPhone XR မှာတော့ Camera တစ်လုံးပါ၀င်ခဲ့ပါတယ်။ iPhone 11 Pro နဲ့ iPhone 11 Pro Max တို့မှာတော့ Camera သုံးလုံးနဲ့ ဖြစ်လာပါပြီ။ ဒီ Camera သုံးလုံးကတော့...
12 MP, f/1.8, 26mm (wide), 1/2.55", 1.4µm, PDAF, OIS
12 MP, f/2.0, 52mm (telephoto), 1/3.4", 1.0µm, PDAF, OIS, 2x optical zoom
12 MP, f/2.4, 13mm (ultrawide) တို့ဖြစ်ပါတယ်။
ဒီ Camera သုံးလုံးက iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ရဲ့ ရုပ်ကို နည်းနည်းဆိုးစေတဲ့လို့တော့ အနည်းငယ် ခံစားရပါတယ်။ နောက်ပိုင်းတော့ ကြည့်ရတာ အသားကျသွားမယ်လို့ တော့ ထင်ပါတယ်။ Selfie Camera ကလည်း 12 MP, f/2.2, TOF 3D camera ဖြစ်သွားပါပြီ။
iPhone 11 ရဲ့ Camera နှစ်လုံးကတော့...
12 MP, f/1.8, 26mm (wide), 1/2.55", 1.4µm, PDAF, OIS
12 MP, f/2.4, 13mm (ultrawide)
တို့ဖြစ်ပါတယ်။ Selfie Camera မှာဆိုရင်လည်း 12 MP, f/2.2, TOF 3D camera ဖြစ်သွားပါတယ်။
ဒီ iPhone အသစ်တွေရဲ့ Chipset ကတော့ Apple A13 Bionic (7 nm+) တွေကို သုံးပေးထားပါတယ်။ iOS Version ကတော့ iOS 13 သုံးပေးထားပါတယ်။ Pro Series တွေရဲ့ Display ကိုလည်း Apple က Super Retina XDR Display လို့ အမည်ပေးထားပါတယ်။ သုံးရတာတော့ တော်တော်ပေါ့သွားမယ်လို့ ထင်ပါတယ်။ iPhone တွေကို လူသိပ်မကြိုက်တဲ့ အချက်တစ်ချက် ဖြစ်တဲ့ Battery ပိုင်းမှာတော့ အခုမိတ်ဆက်ခဲ့တဲ့ iPhone အသစ်တွေက သာသွားပါပြီ။ iPhone XS Max ထက် Battery ပိုင်းမှာ ထက်၀က်နီးပါးလောက်ပိုပြီး အားခံလာတယ်လို့ ကြေညာသွားပါတယ်။
Storage ပိုင်းမှာတော့ Pro Series တွေမှာ 64GB 6GB RAM, 256GB 6GB RAM, 512GB 6GB RAM ရှိပြီး၊ iPhone 11 မှာတော့ 64GB 4GB RAM, 128GB 4GB RAM, 256GB 4GB RAM ရှိပါတယ်။ မိတ်ဆွေကြိုက်နှစ်သက်ရာကို သုံးမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် အသစ်ထွက်လာတဲ့ Color တွေကလည်း iPhone 11 မှာ Black, Green, Yellow, Purple, Red, White ဆိုပြီး Color ငါးမျိုး ရွေးချယ်နိုင်ပါတယ်။ iPhone 11 Pro နဲ့ iPhone 11 Pro Max မှာတော့ Space Gray, Silver, Gold, Midnight Green ဆိုပြီး Color လေးမျိုး ရွေးချယ်နိုင်ပါတယ်။ အသေးစိတ် Specification တွေကိုနောက်ပိုင်းမှာ ထပ်မံဖော်ပြပေးသွားပါမယ်။
ဒီ iPhone အသစ်တွေကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Latest Version တွေကိုမှ ကိုင်ချင်တဲ့သူတွေဆိုရင်တော့ Pre-order အမြန်လုပ်ထားသင့်ပြီနော်။ စျေးငြိမ်မှ ၀ယ်ချင်တဲ့သူတွေကတော့ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့တော့ လိုအပ်ပါတယ်။