24 Jul 2018
ယခုတစ်ခေါက်ဖော်ပြပေးမှာကတော့ လူကြိုက်များနေတဲ့ One Plus 5T နဲ့ Xiaomi Mi 8 တို့ရဲ့ Specification တွေကိုဖော်ပြသွားပေးမှာဖြစ်ပါတယ်..
Processor
One Plus 5T ရဲ့ Processor ကို Qualcomm Snapdragon 835 MSM8998 Chipset Octa core (2.45 GHz, Quad core, Kryo 280 + 1.9 GHz, Quad core, Kryo 280) အသုံးပြုထားပြီး၊ Xiaomi Mi 8 မှာတော့ Qualcomm Snapdragon 845 Chipset Octa core (2.8 GHz, Quad core, Kryo 385 + 1.8 GHz, Quad core, Kryo 385) အမျိုးအစားကို အသုံးပြုထားပါတယ်။
RAM
One Plus 5T မှာက 8GB ပါရှိပြီး Xiaomi Mi 8 မှာက 6GB/8GB နှစ်မျိုးရှိပါတယ်။
Operating System
One Plus 5Tမှာ Android v7.1.1 (Nougat) အသုံးပြုထားပြီး၊ Xiaomi Mi 8 မှာ Android v8.1 (Oreo) ကိုသုံးထားပါတယ်။
Storage
Storage ပိုင်းမှာတော့ One Plus 5T က 128 GB အသုံးပြုပြီး၊ Xiaomi Mi 8 မှာတော့ 64/128/256 GB ဆိုပြီး (၃) မျိုးရှိပါတယ်။
Network & Sim Support
Sim Card ကိုတော့ ဖုန်း (၂) မျိုးစလုံးမှာ Dual Sim အသုံးပြုနိုင်ပြီး 4G Support ပေးပါတယ်။ Sim Card
အရွယ်အစားကတော့ Nano Sim တွေပဲဖြစ်ပါတယ်။
Display
One Plus 5T ကို Optic AMOLED Display နဲ့ဖွဲ့စည်းထားပြီး 402 ppi 1080 x 2160 Pixels ရှိပါတယ်။ Xiaomi Mi 8 ကတော့ AMOLED ဖြစ်ပြီး 402 ppi 1080 x 2248 Pixels ရှိပါတယ်။ One Plus 5T ဟာ 6.01 inches (15.27 cm) Screen Size ရှိပြီး Xiaomi Mi 8 မှာ 6.21 inches (15.77 cm) Screen Size ရှိပါ
တယ်။
Sensors
Sensors ကတော့ ဖုန်း (၂) မျိုးစလုံးမှာ Light Sensor, Proximity Sensor, Accelerometer, Barometer, Compass, Gyroscope ပါဝင်ပါတယ်။ Fingerprint Sensor ဟာလည်း ဖုန်း (၂)လုံး စလုံးမှာ Rear Fingerprint Sensor ဖြစ်ပါတယ်။
Color
Color တွေအနေနဲ့ One Plus 5T မှာ Midnight Black, Lava Red စတဲ့ Color တွေရှိပြီး၊ Xiaomi Mi 8 မှာတော့ Black, Blue, Gold, White စတဲ့ Color တွေရှိပါတယ်။