02 Feb 2023
Business တွေ လုပ်ကိုင်ကြာတဲ့အခါမှာ နောက်ပိုင်း Digital Marketing နဲ့ပါတွဲပြီး လုပ်ဆောင်တဲ့ လုပ်ငန်းတွေက ပိုပြီး အကျိုးအမြတ်ရတာကို တွေ့ရပါတယ်။ Page ရှိတဲ့ လုပ်ငန်းတွေ၊ Website ရှိတဲ့လုပ်ငန်းတွေက ဘာ Digital Platform မှမရှိတဲ့ လုပ်ငန်းတွေထက် အားသာချက်ရှိတာတွေကိုလည်း တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ Consumer တွေက အင်တာနက်ရှိရုံနဲ့ အလွယ်တကူ ဝယ်ယူနိုင်တဲ့ E-commerce Website တွေမှာပဲ ဝယ်ယူလာကြတာတွေ ရှိပါတယ်။ ဒါကြောင့် E-commerce တွေကို အဓိက အသုံးပြုလာကြတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးသွားပါမယ်…
Order ပြုလုပ်ရတာ လွယ်ကူခြင်း
Product မြောက်များစွာကို တစ်နေရာထဲမှာ ရွေးချယ်နိုင်ခြင်း
မြန်ဆန်တဲ့ Service နဲ့ Delivery ရရှိခြင်း
Payment Method လွယ်ကူခြင်း
Product Information များကို စိတ်ကြိုက်ကြည့်ရှုနိုင်ခြင်း
Price comparisons ကောင်းကောင်းလုပ်နိုင်ခြင်း
Vendor များစွာရှိတဲ့အတွက် စိတ်တိုင်းကျ ရွေးချယ်နိုင်ခြင်း
အစရှိတဲ့ အကြောင်းရင်းများစွာကြောင့် E-commerce ကို အသုံးပြုသင့်တာဖြစ်ပါတယ်။ မိမိရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက်လည်း E-commerce ကိုအသုံးပြုလာကြဖို့ အကြံပြုချင်ပါတယ်။