10 Aug 2018
Facebook ရဲ့ Update တွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Audience တွေအတွက်တော်တော်အဆင်ပြေစေမဲ့ Update လို့တော့မြင်မိပါတယ်။ ဒီတစ်ချက်ကတော့ အရင်က Page Review ရေးတဲ့ အခါတွေမှာစာနဲ့ပဲရေးလို့ ရခဲ့ပြီး အခု Update မှာတော့ စာလုံးရေကို အနည်းဆုံး ၂၅ လုံးကစပြီးရေးရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်တော့ Review ကို ပြည့်ပြည့်စုံစုံ ဖြစ်စေချင်တဲ့ သဘောလို့ ယူဆနိုင်ပါတယ်။ ပိုပြီး ပြည့်စုံလာတဲ့တစ်ချက်ကိုပြောရမယ်ဆိုရင် Image ကိုပါ Review မှာထည့်ပြီးသုံးလို့ရသွားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ချက်က လုပ်ငန်းရှင်တွေအတွက် ကောင်းမွန်ထိရောက် တဲ့အချက်တစ်ချက်ဖြစ်ပါတယ် ဘာကြောင့်လဲ ဆိုရင်တော့ သင့်ရဲ့ လုပ်ငန်းအတွက် စစ်မှန်တဲ့ Audience ရနိုင်ဖို့အတွက် ပိုမိုနီးစပ်လာ နိုင်ပါတယ်။
ဥပမာ - သင်ဟာစားသောက်ဆိုင် ပိုင်ရှင် တစ်ယောက်ဆိုရင် သင့်ရဲ့ ဆိုင် Review တွေကိုအရင်ကဆိုရင် ကြိုက်လို့ပဲဖြစ်ဖြစ် မကြိုက်လို့ပဲဖြစ်ဖြစ် Review ကိုစာနဲ့ပဲရေးလို့ရခဲ့ပါတယ်၊ အခုဆိုရင် Image ကိုပါအသုံးပြုနိုင်တဲ့အတွက် Review တွေဖတ်ပြီး လာရောက်စားသောက်တတ်တဲ့ သူတွေကပိုမိုအဆင်ပြေသွားနိုင်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်အချက်တွေကို မိမိရဲ့ Audienceတွေက ကြိုက်နှစ်သက်လဲဆိုတာ ကိုမှတ်တမ်းတင်ထားပြီ မိမိရဲ့ လုပ်ငန်းမှာ ဘယ်လိုတွေပိုမိုလုပ်သင့်သလဲ၊ ဘယ်အရာတွေကို Audience က မနှစ်သက်ဘူးလဲ ဆိုတာကို ဆင်ခြင်သုံးသပ်နိုင်မှာပဲဖြစ်ပါတယ်။
Ref - socialmediatoday