
ဒီတစ်ခေါက်မှာတော… Website တစ်ခု အထူးသဖြင့် SEO လုပ်ထားတဲ့ Website တွေမှာ Optimize လုပ်ပေးဖို့ လိုအပ်တဲ့အတွက် သုံးရတာအဆင်ပြေစေပြီး ထိရောက်စေမယ့် Optimization Tool အချို့ကို ဖော်ပြပေးချင်ပါတယ်…
Screaming Frog
ဒီ Tool ကတော့ Digital Marketer တိုင်းနီးပါးရဲ့ လက်စွဲတော်လို့ တောင်ပြောလို့ရပါတယ်။ ဒီ Tool ကိုသုံးပြီး သင့် Website မှာြဖစ်ပွားနေတဲ့ Broken Link တွေ Duplicate Content တွေကို ရှာဖွေနိုင်ပါတယ်။ ဒီအချက်တွေကို ကြည့်ပြီး Meta Title နဲ့ Description တွေကိုလည်း သေချာ စနစ်တကျ ဖန်တီးလို့ရပါသေးတယ်။ SEO လုပ်ထားတဲ့ Website တွေဆိုရင် ဒီ Tool ကိုပိုပြီး အသုံးပြုလို့ ရပါတယ်။
Ubersuggest
ဒီ Tool ကတော့ သင့်ရဲ့ Website အတွက်မှာ အသုံးပြုလို့ သင့်တော့်မယ့် Keyword တွေကို Research လုပ်နိုင်စေတဲ့ Tool တစ်ခုဖြစ်ပါတယ်။ Website မှာသင့်တော့်မယ့် Content တွေ Content မှာရှိသင့်တဲ့ Term တွေကိုပါ Determine လုပ်ပေးနိုင်ပါတယ်။
Ahrefs
Ahrefs ဟာဆိုရင်လည်း Website Optimization အတွက်အလွန် အသုံးဝင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ သင့် Competitor တွေရဲ့ Ranking တွေ Content တွေနဲ့ Target Keyword တွေကို လေ့လာသုံးသပ်လို့ရပါတယ်။ ဒီတစ်ချက်က ကိုရဲ့လစ်ဟာနေမှုတွေကို ပြန်လည် စစ်ဆေးပြီး Website အတွက်ပိုကောင်းလာမယ့် အချက်တွေကို လုပ်ဆောင်နိုင်သွားပါမယ်။
Yoast SEO
Yoast SEO ကတော့ WordPress CMS နဲ့ ဆောက်လုပ်ထားတဲ့ Website တွေမှာပါဝင်တဲ့ Plugin တစ်ခုဖြစ်ပါတယ်။ Yoast SEO က Free Version နဲ့ Paid Version နှစ်မျိုးရှိပါတယ်။ Free Version မှာဆိုရင် သင့် Website မှာရှိတဲ့ Page တွေရဲ့ SEO Ranking Percentage ကိုသိရှိနိုင်ပါတယ်၊ Website ထဲက Link တွေဟာ Facebook မှာပြန် Share ဖို့ Familiar ဖြစ်မဖြစ်ကို သိရှိနိုင်ပါတယ်။ Paid Version မှာဆိုရင်တော့ Content အတွက် Target Keyword တွေကို Optimize လုပ်နိုင်မယ်၊ Internal Linking Suggestion တွေရမယ်၊ Content Insight တွေကို သုံးသပ်နိုင်သွားမှာ ဖြစ်ပါတယ်။
ဒီ Optimization Tool တွေက လက်ရှိအချိန်မှာ Website တွေအတွက် Optimize ကောင်းကောင်းလုပ်နိုင်မယ့် Tool တွေပဲ ဖြစ်ပါတယ်။ အခြားသော Optimization Tool တွေလည်းရှိသေးတဲ့ အတွက် သင်နှစ်သက်ရာကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။