13 Mar 2021
ဒီတစ်ခါမှာဖော်ပြပေးသွားမှာကတော့
APKMirror
ဒီ App ကတော့ Top-rate List ထဲမှာပါဝင်တဲ့ Downloading App တစ်ခုလည်း ဖြစ်ပါတယ်။ APKMirror ရဲ့ UI ကလဲ သပ်ရပ်တဲ့ Design နဲ့ Organize လုပ်ထားတာကို တွေ့ရပါတယ်။ Google Play Store မှာမရှိတဲ့ App တွေကို ဒီ APKMirror ထဲမှာ လာရောက်ရှာဖွေ Download ပြုလုပ်နိုင်ပါတယ်။
APKPure
ဒီ App ကတော့ Android User တိုင်းနီးပါးသိကြမယ့် App တစ်ခုပြောလို့ရပါတယ်။ Android Game နဲ့ App တွေကို ဒီ APKPure မှာအခက်အခဲမရှိ Download ပြုလုပ်နိုင်သွားပါတယ်။ Google Play Store မှာမရှိတဲ့ App တွေနဲ့
Download ဆွဲမရတဲ့ App တွေကို APKPure မှာ Download ပြုလုပ်သွားနိုင်ပါတယ်။ ၂၀၁၉ ရဲ့ အကောင်းဆုံး Apk Downloading App စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။
Aptoide
Aptoide ဟာဆိုရင်လည်း Android တွေအတွက် နာမည်ကြီး Apk Downloading App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာတော့ သင်နှစ်သက်ရာ App တွေကို Safe ဖြစ်ဖြစ်နဲ့ Download လုပ်နိုင်ပါတယ်။ နောက်ထပ် Android Apk Downloading App တစ်ခုဆိုရင်လည်း မမှားပါဘူး။
APK-DL
ဒီ App ကတော့ Google Play Store ထဲမှာရှိပြီး Download လုပ်လို့မရတဲ့ App တွေကို Download ပြုလုပ်နိုင်ပါတယ်။ ဒီ App မှာစိတ်ချရတာက Google Play Store မှာရှိတဲ့ App တွေကိုပဲ
Download လုပ်နိုင်တာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီ App မှာ အပြစ်ပြောစရာဆိုလို့ UI ပဲ ဖြစ်ပါတယ်. ဘာကြောင့်လဲ ဆိုရင် Outdate ဖြစ်နေတဲ့ UI အပြင်အဆင်ကြောင့်ပါပဲ။ ကျန်တာအကုန် သပ်ရပ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဖုန်းတွေမှာ Download ဆွဲမရတဲ့ App တွေ၊ Google Play Store မှာရှိတယ် ဒါပေမဲ့ Download လို့မရဘူး အစရှိတဲ့ ပြဿနာတွေကို ဒီ Apk Downloading App တွေနဲ့ ဖြေရှင်းနိုင်ပါတယ်။