09 Apr 2020
COVID-19 ကူးစက်ရောဂါသည်အချို့သော စက်မှုလုပ်ငန်းများနှင့်စီးပွားရေးလုပ်ငန်းများကိုလုံးဝရပ်တန့်သွားစေပြီး အချို့သော Business များတွင် ၀ယ်လိုအားအကြီးအကျယ်တိုးတက်ခြင်းအထိပုံစံအမျိုးမျိုးကိုသက်ရောက်စေတဲ့အထိဖြစ်နေပါတယ်။ သီအိုရီအချို့အရ လအနည်းငယ်အတွင်းပုံမှန်ဘဝတစ်ခုသို့ပြန်လည်ရောက်ရှိလာနိုင်သော်လည်း အချို့သော Business တွေမှာတော့ပြန်လည်စတင်ဖို့အခက်အခဲတွေအများကြီးရှိလာနိုင်ပါတယ်။ယခုအချိန်မှာတော့ Online ကနေစျေးဝယ်တာတွေမြင့်တက်နေပါတယ်။ Online ကနေတစ်ဆင့်ဝယ်ယူခြင်းဖြင့် အဆင်ပြေချော့မွေ့စွာအသုံးပြုရန်လွယ်ကူခြင်းနှင့် ဒီအချိန်မှာ အိမ်မှာနေရတဲ့အတွက် အဓိကလိုအပ်ချက်အနေနဲ့ အစားအစာ တွေကလိုအပ်နေတာကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် SEO ရှုထောင့်ကနေကြည့်ဖို့ရာ စိတ်ဝင်စားစရာကောင်းပါတယ်။PageTraffic team က ပြုစုထားတဲ့ Search trend နဲ့ Business တွေရဲ့အကျိုးသက်ရောက်မှုနဲ့ ဆိုင်တဲ့ အချက်အလက်အချို့ကိုဖော်ပြပေးသွားပါမယ်။
ရှာဖွေမှုမြင့်တက်နေတဲ့အထဲ Essential e-commerce stores တွေကတော့ရှာဖွေမှုထိပ်ဆုံးပါပဲ။အခုချိန်ကာလမှာလိုအပ်နေတဲ့ Hand sanitizer, Face Mask, Thermometer စသဖြင့် ရှာဖွေမှုတွေများနေပါတယ်။
ကျန်းမာရေးနဲ့သက်ဆိုင်တဲ့သတင်းအချက်အလက်တွေရှာဖွေမှုဟာ 17% ထိမြင့်တက်လာပါတယ်။Coronavirus symptom, အိမ်တွင်းကုထုံးများနဲ့ဘယ်လိုကာကွယ်နေထိုင်မလဲ ဆိုတာတွေအပြင် လက်ဆေးပုံလက်ဆေးနည်း၊ Virus ကာကွယ်နိုင်တဲ့အစားအသောက် ဆေးဝါး နဲ့ ပိုးသတ်ဆေး တွေအထိပါဝင်ပါတယ်။
News တွေအပေါ်ရှာဖွေမှုနှုန်းထားဟာ 34% အထိမြင့်တက်လာပြီး Search Traffic မှဆိုရင် ရှာဖွေမှုအသွားအလာအတွက်သိသာထင်ရှားသည့်အကျိုးသက်ရောက်မှုများကိုရရှိနေပါတယ်။
Travel website တွေဟာတော့ ဒီရောဂါကြောင့် နိုင်ငံအသွားအလာတွေပိတ်ပင်ထားတဲ့အတွက် 46% အထိကိုရှာဖွေမှုတွေကျဆင်းလာပါတယ်။
Food and recipe website တွေကတော့ 22% အထိရှာဖွေမှုမြင့်တက်နေပါတယ်။
Recreation နဲ့သက်ဆိုင်တဲ့ Business တွေ အထူးသဖြင့် Gym , Yoga Class , Amusement park စတာတွေဟာ ရှာဖွေမှုနှုန်းကျဆင်းတဲ့အထဲမှာပါပါတယ်။
PageTraffic team က ပြုစုထားတဲ့ Search trend နဲ့ Business တွေရဲ့အကျိုးသက်ရောက်မှုနဲ့ ဆိုင်တဲ့ အချက်အလက်အချို့ပဲဖြစ်ပါတယ်။
Ref-socialmediatoday