25 Sept 2018
Digital Marketing နယ်ပယ်မှာလုပ်ငန်းတွေကိုလုပ်ကိုင်မယ်ဆိုရင်တော့ SEO, SEM, GDM အစရှိတဲ့ Digital Marketing Service တွေကိုအခြေခံသဘောတရားလောက်တော့ သိထားသင့်ပါတယ်။ ယခုဖော်ပြပေးချင်တာကတော့ SEO (Search Engine Optimization) ကိုအသုံးပြုလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအတွက်အသုံးဝင်မယ့် SEO အတွက် Free Tool လေးတွေကိုဖော်ပြချင်ပါတယ်…
Google Analytics
ဒီ Google Analytics ဆိုတဲ့ Tools လေးကတော့ Online Marketer တွေအတွက် “လေ”ကိုရရှိလိုက်သ လိုပါပဲ။ ဟဲဟဲတင်စားတာနည်းနည်းများသွားပြီ၊ ဒီ Tools လေးကို Online Marketer တိုင်းနည်းပါး လိုလိုအသုံးပြုတဲ့ Tools လေးဆိုလည်းမမှားပါဘူး။ သင်ဟာ Google Analytics ကိုအသုံး မပြုကြည့်ရ သေးဘူးဆိုရင်တော့… ဒီ Tools လေးအသုံးပြုကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အရည်အသွေးမြင့်မားပြီး တိကျချပ် Information တွေကို ဒီ Google Analytic ကိုသုံးပြီးသိရှိနိုင်မှာဖြစ်လို့ပါ။ သင့်ရဲ့ Website ကို User တွေဘယ်လောက်ဝင်ကြည့်သွားလဲ၊ ဘယ်လောက်အချိန်ကြာကြာ Website ပေါ်မှာနေသွားလဲဆိုတာတဲ့ Data Information တွေကိုရယူနိုင်ပါတယ်။ ပြီးတော့ Google Analytics ကအခြားသော Free Tools တွေထက်စာရင် အနည်းငယ်ပိုမိုအသုံးပြုတာများတဲ့ Free Tools လေးတစ်ခုလဲလည်းဖြစ်ပါတယ်။ ဒီ Google Analytics ကတော့ User Information ရယူတဲ့နေရာမှာတော့ အကောင်းဆုံး Tools လေးတစ်ဆိုလည်းမမှားပါဘူး။
Google Webmaster Tools
Online Marketer တွေအတွက် Google Analytics က ”လေ”ဆိုရင် ဒီ Google Webmaster Tools က
“ရေ” လိုပါပဲ။ ဟဲဟဲဒီတစ်ခေါက်တင်စားတာလဲနည်းနည်းများသွားပြီး ကဲဒီတော့ Google Webmaster Tools လေးဟာဆိုရင် အပေါ်ကပြောခဲ့တဲ့ Google Analytics လိုပဲ Online Marketer တွေအတွက်မရှိမဖြစ် Tools လေးတစ်ခုဖြစ်ပါတယ်။ ဒီ Tools လေးကတော့
404, Title Meta, Back Link, Content တူတဲ့ Page အစရှိတဲ့ မိမိရဲ့ Website မှာဖြစ်နေတဲ့ Error တွေကိုပြပေးပါတယ်။ မိမိရဲ့
Website မှာလိုအပ်နေတဲ့ လိုအပ်ချက်တွေကို ထင်ထင်ရှားရှားပြပေးတဲ့ Tools လေးတစ်ခုဆိုလည်းမမှားပါဘူး။ တစ်ချို့ ကိုယ်သတိမထားမိတဲ့ Error တွေကိုပါပြပေးတဲ့အတွက် တော်တေ်ာလေးကို အသုံးတဲ့မဲ့
Tools လေးတစ်ခုပဲဖြစ်ပါတယ်။ Google Analytics က Website အတွက်အကျိုးပြုပေးသလို ဒီ Web
Master Tools လေးကတော့ SEO အတွက်အကျိုးပြုပေးတဲ့ Tools လေးတစ်ခုဆိုလည်းမမှားပါဘူး။
Keyword Planner
ဒီ Tools လေးကလဲ SEO အတွက်အသုံးဝင်တဲ့ Tools လေးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ Tools လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ Google Adwords ကနေဝင်ရမှာဖြစ်တဲ့အတွက် Google Adwords Account တစ်ခုတော့ဖွင့်ဖို့အပ်ပါတယ်။ SEO အတွက် သင့်ရဲ့ Website မှာလိုအပ်တဲ့ Keyword တွေကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်က Keyword တွေရဲ့ Competition မြင့်မမြင့်နဲ့ လူကြိုက်များတဲ့
Keyword တွေကိုပါ ရှာဖွေနိုင်တဲ့အတွက် Website ကို SEO လုပ်ပြီး လုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ Tools လေးတစ်ခုလည်းဖြစ်ပါတယ်။
ဒီ Tools လေးတွေက Digital Marketing နယ်ပယ်မှာ SEO သုံးပြီးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ Online Marketer တွေအတွက် အဆင်ပြေသင့်တော်စေမဲ့ Tools လေးတွေပဲဖြစ်ပါတယ်။ ဒီ Tools တွေပဲရှိတာလားဆိုရင် မဟုတ်ပါဘူး တခြား Tools တွေလည်းရှိပါသေးတယ်၊ ဒီ Tools လေးတွေကတော့
သုံးရတာ ပိုပြီးအဆင်ပြေတဲ့အတွက် ဖော်ပြထားခြင်းဖြစ်ပါတယ်။
ဒါကြောင့်မို့ သင့်ရဲ့ Website ကို SEO ပြုလုပ်ချင်တယ်ဆိုရင်ရင်လည်းအထက်ပါ အချက်လေးတွေကို ကြည့်ရှုလေ့လာပြီး ဆောင်သင့်၊ ရှောင်သင့်တာလေးကို သတိထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လွယ်ကူတယ်လို့ထင်ကောင်းထင်နိုင်ပေးမယ့် ထိထိရောက်ရောက်အသုံးချနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် SEO နဲ့ ပတ်သတ်တဲ့ ဝန်ဆောင်မှုများကို ကျတော်တို့ SEOMyanmar မှလည်းဝန်ဆောင်ပေးနေပါပြီ။
Ref - neilpatel