logo
myanmar
edm
What is EDM

Email
Marketing

Email ဟာ စျေးသက်သာပြီး သိပ်ကိုအသုံးဝင်တဲ့ Marketing ဗျူဟာတစ်ခုဖြစ်ပါတယ်။ E-Commerce Site တွေ၊ လူသိများတဲ့ Brand တွေ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွေ၊ သတင်းမီဒီယာစသည့် Customer တစ်ဦးတစ်ယောက်ချင်းစီနဲ့ အမြဲတစေတိုက်ရိုက်ဆက်သွယ်နေရတဲ့ လုပ်ငန်းများအတွက် အထူးပို၍ သင့်လျော်ပါတယ်။ ထောင်သောင်းများစွာသော Email အသုံးပြုသူတွေဟာ နေ့ စဉ်နေ့တိုင်း Email ပေါင်းများစွာကို လုပ်ငန်းရေးရာ၊ ကိုယ်ရေးကိုယ်တာကိစ္စများအရ အသုံးပြုနေကြရပါတယ်။ Customer တစ်ဦးချင်းစီကို တိုက်ရိုက်ထိတွေ့ နိုင်တဲ့ Marketing ဖြစ်မျိုးပြီး၊ ထောင်ပေါင်းများစွာသော Email အသုံးပြုသူများဆီသို့ ကိုယ်ပေးပို့ ချင်တဲ့ စီးပွားရေးအကြောင်းအရာကို တစ်ကြိမ်တည်း၊ Click တစ်ချက်တည်းနဲ့ ပေးပို့ နိုင်ပါတယ်။ ဘယ်အရပ်ဒေသက ဘယ်သူက ကိုယ့်ပေးပို့ တဲ့အီးမေး(လ်) အကြောင်းအရာကို စိတ်ဝင်တစားဖွင့်ဖောက် ဖတ်ရှုပြီး၊ ဘယ်သူတွေကိုယ့်ရဲ့ Customer ဖြစ်လာမလဲ ဆိုတာသာ အေးအေးဆေးဆေး စောင့်ကြည့်နေရုံပါပဲ။

EDM ရဲ့ အကျိုးကျေးဇူးများ
Subscribed Audience

Audience Subscription များရရှိခြင်း

Instant Information on Promotions, Generate Sales

Promotion အတွက် သတင်းအချက်အလက် ချက်ခြင်းပေးနိုင်ခြင်း၊ ရောင်းရရှိခြင်း

High Coverage all Around the World

ကမ္ဘာအနှံ့ Message ပေးပို့နိုင်ခြင်း

Available 24/7, 7days A Week, 365 Days

24/7 ဝန်ဆောင်မှုရရှိခြင်း

Measurable & Trackable Results

တိုင်းတာခြင်းနဲ့ Tracking လုပ်နိုင်တဲ့ ရလဒ်များ

သုတေသနလုပ်ခြင်း
Research Planning

ကျနော်တို့က သင့်မှာရှိပီးသား Customer တွေရဲ့ အချက်လက်တွေကို စီစစ်ပေးပီး သူတို့ရဲ့အပြုမူ နဲ့ကိုက်ညီတဲ့ Message တွေကိုဖန်တီးပေးပါတယ်။ Customer အသစ်တွေရဲ့ အချက်လက်တွေကို ရရှိစေဖို့ ကျနော်တို့ ကသင့်လုပ်ငန်းကို ထင်ဟပ်စေမယ့်နည်းလမ်းကောင်းကို အကြံပေးပီး သင်ပေးချင်တဲ့ ဝန်‌ဆောင်မှု (သို့) ပစ္စည်း၊ သင့်လုပ်ငန်းကို ထူးခြားစေမယ့်အရာနဲ့ သင့် Customer တွေကိုပေးချင်တဲ့ message၊ အကြောင်းအရာတွေကို ပေးနိုင်အောင် နည်းစနစ်ကျကျ ဖန်တီးလုပ်ဆောင်ပေးပါတယ်။

Report လုပ်ခြင်း

တိုတိုနဲ့ ထိရောက်မှုရှိတဲ့ campaign report တွေနဲ့ဆိုဘယ်အရာကမှ မရှုပ်ထွေးတော့ပါဘူး။ သင့်ရဲ့ EDM message ကိုဘယ်သူတွေဖွင့်ကြည့်တယ်၊ ဘယ်ချိန်ဖွင့်ကြည့်တယ်၊ ဘယ်နေရာကကြည့်တယ်၊ ဘယ်လိုတုန့်ပြန်သွားတယ်ဆိုတာက အစ report ထဲမှာကြည့်လို့ရပါတယ်။ ကျနော်တို့ ကသင့် campaign ကိုထိရောက်မှုအရှိဆုံးနဲ့ အကျိုးရှိဆုံးဖြစ်အောင်အကြံပေးပီး အချိန်နဲ့ အမျှ report လုပ်ပေးပါတယ်။

Research Planning
Research Planning

Our EDM works

Satekhunarr

လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတိုတွေကိုနေ့စဥ်ပေးပို့တဲ့ စိတ်ခွန်အား platform က မိုဘိုင်းဖုန်းသုံးစွဲလာမှုတွေများပြားလာတာနှင့်အမျှ အီးမေးလ်ပေးပို့ခြင်း ဝန်ဆောင်မှုကို စွဲဆောင်မှုရှိတဲ့ဒီဇိုင်းတွေနဲ့ ဖြန့်ဝေဖို့ဖြစ်လာပါတယ်။ SEOMyanmar ကမိုဘိုင်းဖုန်း အမျိုးအစားတိုင်းအတွက် အဆင်ပြေစေမယ့် ဒီဇိုင်းတွေရေးဆွဲပေးပီး မားကတ်တင်း မက်ဆေ့ပေးတဲ့နေရာမှာ အချောမွေ့ဆုံးဖြစ်အောင် ကူညီပေးခဲ့ပါတယ်။

  • EMAIL MARKETING CAMPAIGN