logo
myanmar
facebook
What is Facebook Advertising
What is Facebook Advertising

Facebook
တွင် ကြော်ငြာခြင်း

Facebook ဟာ ကမ္ဘာတစ်ဝှမ်း အသုံးပြုသူသန်းပေါင်း ၁,၈၀၀ ကျော်ရှိတဲ့ အအောင်မြင်ဆုံး လူမှုကွန်ယက်တစ်ခုပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုသူဦးရေတိုးတက်များပြားလာတာနဲ့ အမျှ Facebook ကွန်ယက်ကို အသုံးပြုပြီး ကြော်ငြာခြင်းမျိုးဟာလဲ အထူးခေတ်စားလာပါတယ်။ ကျနော်တို့ Agency က Facebook ကိုအသုံးချပြီး လူကြီးမင်းရဲ့လုပ်ငန်း ထိရောက်အောင်မြင်မှုအရှိဆုံး ဖြစ်အောင် အကြံပြုဝန်ဆောင်မှုပေးပါတယ်။

Retargeting
targeted advertising

Facebook မှာ ကိုယ့်ရည်ရွယ်တဲ့၊ Customer အုပ်စု (အသက်အရွယ်၊ ကျား/မ၊ စိတ်ဝင်စားမှုနဲ့ ဝါသနာ၊ နေရပ်ဒေသ၊ နိုင်ငံ ကိုသာ) စသည်ဖြင့် Target ထားကြော်ငြာနိုင်ပါတယ်။

social engagement

Facebook မှတဆင့် Customer ကို တိုက်ရိုက်ဆက်သွယ်နိုင် တဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်းအတွက် ယုံကြည်မှုတိုးပွားစေပါတယ်။

special promotions

အခါအားလျော်စွာပြုလုပ်အပ်သော အထူးလျော့စျေးများ၊ အခမ်းအနားများ ကို ကိုယ့်ရဲ့ Facebook Page ကနေတစ်ဆင့်၊ Customer များနဲ့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နေနိုင်ပါတယ်။

number of likes increased

ကြော်ငြာမှတစ်ဆင့် ကိုယ်ရဲ့ Page ကို တစ်ကယ့် “like” တွေ “share” တွေများပြားလာစေတဲ့အတွက် Facebook Inc ရဲ့ယုံကြည်မှုကို တိုးပွားလာစေပါတယ်။

cost effective

Facebook ကြော်ငြာဟာ လူကြီးမင်းအတွက် အထူးထိရောက်တဲ့ ကြော်ငြာခြင်းမျိုး ဖြစ်နိုင်ပါတယ်။ အကြောင်းမှာ မြန်မာနိုင်ငံ Internet သုံးစွဲသူအများစုဟာ Facebook ကိုသုံးစွဲကြလို့ ပါပဲ။

mobile device users

ကိုယ့်ရဲ့ Facebook ကြော်ငြာကို Computer Desktop / Laptop တွေမှာသာတွေ့ ရမှာမဟုတ်ဘဲ၊ အထူးများပြားလာတဲ့ Smart Phone, Tablet တွေမှာပါတွေ့ မြင်ရပါတယ်။

Our Facebook works

Bang Ae Sil

Bang Ae Sil အမည်နဲ့ကိုရီးယားနိုင်ငံထုတ် ဆန်ပြုတ်ကမြန်မာနိုင်ငံ စျေးကွက်ကို ထိုးဖောက်ဖို့ ဖြစ်လာပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က Facebook ရဲ့ထိရောက်မှုကို အသုံးပြုပီး သူတို့ Brand ကို လူသိများအောင်၊ Page Like တွေများလာအောင်ကြော်ငြာဖို့ ဖြစ်ပါတယ်။ ဒါကြောင့် SEOMyanmar က Brand နဲ့ကိုက်ညီမှုရှိတဲ့ ဒီဇိုင်း နဲ့ Facebook Page တစ်ခုတည်ဆောက်ပေးခဲ့ပါတယ်။ သူတို့ရည်ရွယ်ချက်ကို အခြေခံပြီး စွဲဆောင်မှုရှိတဲ့ ကြော်ငြာအိုင်ဒီယာ၊ ဒီဇိုင်းတွေနဲ့ စျေးကွက်မြှင့်တင်မှုပေးတဲ့ Content တွေဖန်တီးပြီး ရလဒ်ကောင်းတွေထွက်ပေါ်လာအောင် ဝန်ဆောင်မှုပေးခဲ့ပါတယ်။

  • Facebook
  • Facebook
  • Youtube Video Ads

Thi Nay Ha

မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနဲ့ တိုင်းရင်းဆေးခန်းဖြစ်တဲ့ “သိနေဟ”က သူတို့ရဲ့ Brand Exposure နဲ့ တိုင်းရင်းဆေးဝါးတွေကို Facebook Channel မှာလူသိများအောင် ပြုလုပ်ချင်ပါတယ်။ တစ်နိုင်ငံလုံးကလူတွေကို Target ထားပြီး သူ့ရဲ့ ဆေးဝါးထုတ်ကုန်တွေကို Promote လုပ်ပြီး ဆေးခန်းကိုလည်း လူသိများပြီး လာချင်စေတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ ဒီအချက်တွေ အားလုံးအပေါ်မှာမူတည်ပြီး SEOMyanmar ကတစ်နိုင်ငံလုံးက လူတွေဆီရောက်ရှိအောင် ဆန်းသစ်တဲ့ content တွေ ထိရောက်တဲ့အိုင်ဒီယာတွေနဲ့ Facebook Page ကိုဖန်တီးပေးခဲ့ပါတယ်။ နောက်ဆုံးရလဒ်အနေနဲ့ Brand လူသိများအောင်နဲ့ ဆေးခန်းကို လူနာများများသိရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်

Our Solution
  • Facebook
  • Facebook

Tajima Myanmar

Tajima ကတော့ Automotive Industry ထဲကဖြစ်ပြီး အရည်အသွေးကောင်း ကုန်ပစ္စည်းတွေ၊ စက်သုံးချောဆီ, ကားအပိုပစ္စည်းတွေကို ဖြန့်ချိတဲ့ Brand တစ်ခုပါ။ ပြည်တွင်းစျေးကွက်ကို ထိုးဖောက်ဖို့အတွက် ဒီ Brand ကလူသိများဖို့ လိုအပ်ပါတယ်။ SEOMyanmar ကလုပ်ငန်းတစ်ခုအတွက် ပထမမျက်နှာလို ဖြစ်တဲ့ Website တစ်ခုတည်ဆောက်ပေးခြင်းနဲ့ အောင်မြင်တဲ့ Facebook Marketing Campaign ကိုပါ အကောင်းဆုံး ဝန်ဆောင်မှု ပေးခဲ့ပါတယ်။

  • Facebook
  • Facebook

Mingalar Thai Town

ထိုင်းနိုင်ငံမှထိုင်းလူမျိုးများကိုယ်တိုင်ဦးစီး တဲ့ Mingalar Thai Town က ထိုင်းနိုင်ငံကတိုက်ရိုက်တင်သွင်းတဲ့ အရည်သွေးပြည့်ဝတဲ့ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ရောင်းချဖို့ ပြည်တွင်းစျေးကွက်မှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ အတူတကွပူးပေါင်းဖို့ဖြစ်လာပါတယ်။ ဒီချိန်မှာ SEOMyanmar နဲ့လက်တွဲဖစ်ခဲ့ပြီး SEOMyanmar ကအထိရောက်ဆုံးဝန်ဆောင်မှုတွေဖြစ်တဲ့ အထူးစျေးရောင်းပွဲတော် တွေကျင်းပပေးခြင်း၊ Media များကိုဖိတ်ကြားပေးခြင်း၊ Public Relations အတွက်စီစဥ်ဆောင်ရွက်ပေးခြင်း၊ ဓာတ်ပုံရိုက်ပေးခြင်း စတဲ့ကဏ္ဍများကိုဝန်ဆောင်မှု ပေးခဲ့ပါတယ်။ Mingalar Thai Town အနေနဲ့လဲ မြန်မာပြည်ဈေးကွက်မှာ လူသိများခဲ့ပြီး ကုမ္ပဏီတိုးတက်မှုအတွက်အခွင့်ရေးကောင်းတွေလည်းများစွာ ရရှိခဲ့ပါတယ်။

  • Facebook
  • Facebook
  • Photo shooting