logo
myanmar
gdn

GDN (Google Display Network) ဝန်ဆောင်မှု

တစ်ချို့ Website နဲ့ Mobile Application တွေမှာ နှဖူးစီးရုပ်ပုံ၊ ဆိုဒ်စုံ၊ ဒီဇိုင်းစုံနဲ့ ကြော်ငြာ (Banner) လေးတွေ မြင်ဖူးကြမှာပါ။ အဲဒါကို Display Banner Marketing လို့ခေါ်ပါတယ်။ လူအများစုမြင်အောင် အချိန်ပြည့် ကြော်ငြာနိုင်တဲ့အတွက် Promotion တွေ၊ Branding တွေ လုပ်ချင်သူတွေအတွက် အထူးပင်ကောင်းတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ကိုယ့်ကြော်ငြာကို ကိုယ့် Customer အုပ်စုကိုပဲဦးတည် ကြော်ငြာနိုင်တဲ့အတွက်လဲ ကြော်ငြာစရိတ်တွေလေလွင့် ဖိတ်စင်ခြင်းမျိုးလဲ မရှိပါဘူး။

What is GDN
Remarketing ဝန်ဆောင်မှု
remarketing

Remarketing ဆိုတာကတော့ နည်းပညာအရ Display Banner ထက် တစ်ဆင့်ပိုမြင့်တဲ့ ကြော်ငြာခြင်းမျိုးပါ။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ကိုယ့်ရဲ့ Website ကိုတစ်ခေါက်လာလည်ဖူးသူရဲ့နောက်ကို ကိုယ့်ရဲ့ (Banner) ကြော်ငြာ တောက်လျှောက်လိုက်လံပြသ ကြော်ငြာနိုင်ခြင်းမျိုးဖြစ်ပါတယ်။ ကျနော်တို့ Agency မှ လူကြီးမင်းရဲ့ စီးပွားရေးလုပ်ငန်းအတွက် Banner/ Remarketing ဝန်ဆောင်မှုကို စိတ်တိုင်းကျသည်အထိ ဝန်ဆောင်မှုပေးပါတယ်။

Our GDN works

Myanmar National Airlines (MNA)

MNA- Myanmar National Airlines ကတော့ နိုင်ငံတွင်းက လူသုံးအများဆုံး ပြည်တွင်းပြည်ပ ခရီးစဥ်တွေ ပို့ဆောင်ပေးတဲ့ လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ်။ အပြိုင်အဆိုင်များပြားတဲ့ Industry တစ်ခုဖြစ်တဲ့အတွက် Digital Marketing နည်းပညာတွေနဲ့ နိုင်ငံတကာ စျေးကွက်ကိုထိုးဖောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ SEOMyanmar က Google Display Network, re-marketing remarkable campaigns တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးခဲ့ပါတယ်။

  • Google Display Marketing Campaigns
  • Google Display Marketing Campaigns

MELIÃ Yangon

အာရှရဲ့ အထင်ကရ မြို့တော်တွေထဲတစ်ခုဖြစ်တဲ့ရန်ကုန်မြို့တော်မှာတည်ရှိတဲ့ Meliã Hotel Yangon ကသူတို့ရဲ့ Brand နဲ့ Promotional Event တွေကိုလူသိများအောင်လုပ်ဖို့အတွက်ဖြစ်လာပါတယ်။ ကျနော်တို့ SEOMyanmar ကဒါနဲ့ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ guideline တွေနဲ့ target ထားတဲ့နေရာမှာမှန်ကန်ဖို့ အကြံပေးတဲ့နေရာမှာအဓိကနေရာကပါဝင်ခဲ့ပါတယ်။ ရလဒ်က ခန့်မှန်းထားတာထပ်သာလွန်ပြီး သတ်မှတ်ထာတဲ့ KPIs တွေကိုလည်းထိခဲ့ပါတယ်။ SEOMyanmar ရဲ့ကြိုးစားအားထုတ်မှုကြောင့် Meliã ရဲ့ Event နဲ့ Restaurant အခန်းကဏ္ဍတွေလူသိပိုများခဲ့ပီး Meliã Hotel Yangon လည်းစိတ်ကျေနပ်မှုအတော်ရရှိခဲ့ပါတယ်။

  • Google Display Marketing Campaigns
  • Google Display Marketing Campaigns

Aung Thamardi Gold & Jewellery

မြန်မာနိုင်ငံဈေးကွက်ထဲမှာကြာရှည်စွာရပ်တည်နေတဲ့ အောင်သမာဓိစိန်ရွှေရတနာဆိုင်က နည်းစနစ်ကျတဲ့ဗျုဟာတွေနဲ့ လူသိများအောင်ကြော်ငြာဖို့နဲ့ ရာသီချိန်အရောင်းမြှင့်တင်ဖို့ Campaign တွေစတင်ဖို့ဖြစ်လာပါတယ်။ SEOMyanmar ကထိရောက်မှုရှိတဲ့ Target တွေကိုအကြံပေးခဲ့ပြီး ကြော်ငြာပြပေးခြင်းတွေကိုအကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပါတယ်။ ရလဒ်က ထင်ထားတာထက်ပိုထိရောက်ပြီး ကပ်ဘေးဖြစ်နေတဲ့အတောအတွင်းမှာတောင်မှ စျေးကွက်မှာအောင်အောင်မြင်မြင်ရှိခဲ့ပါတယ်။ ဒီလမ်းကြောင်းပေါ် ကိုအခြေခံပြီး SEOMyanmar ကအောင်သမာဓိကို ဈေးကွက်မှာ နေရာကောင်းရလာစေပြီး Brand ကိုလည်းလူသိပိုများလာစေခဲ့ပါတယ်။

  • Google Display Marketing Campaigns
  • Google Display Marketing Campaigns