logo
myanmar
sem

sem PPC (သို့) Google Adwords

SEM (Search Engine Marketing) (သို့) PPC (Pay Per Click) (သို့) Google Adwords Advertising ဆိုသည်မှာ ကိုယ့်ရဲ့ကြော်ငြာကို တစ်စုံတစ်ယောက်က Click နှိပ်လိုက်တိုင်း ကြော်ငြာရှင် (Website ပိုင်ရှင်) က Google သို့ ပိုက်ဆံပေးချေရသော ကြော်ငြာခြင်းမျိုးဖြစ်ပါတယ်။ ချက်ချင်းလက်ငင်းရလာဒ် ကိုအဓိကထားသူတွေအတွက် အထိရောက်ဆုံး ကြော်ငြာခြင်းမျိုးဖြစ်ပါတယ်။

What is SEM
ဘာ့ကြောင့် SEM လိုအပ်လဲ
Pay Per Click

အဖြေကတော့ ရှင်းပါတယ်။ Customer တွေက ရှာတဲ့အခါ ကိုယ့် Website ကြော်ငြာဟာ Google ရဲ့ ထိပ်ဆုံးစာမျက်နှာမှာ ချက်ချင်း ပေါ်လာမှာပါ။ အဲဒီအခါ Click နှိပ်ပြီး Website ကို ဝင်ရောက်ဖတ်ရှုမှာ ဖြစ်တဲ့အတွက် ကြည့်ရှုသူဦးရေတိုးတက်လာပြီး၊ အရောင်းတိုးမြင့်လာပါမယ်။ SEM ရဲ့ အားသာချက်ကတော့ ကြော်ငြာကို ကိုယ်တွေ့မြင်စေလိုတဲ့ Customer ကိုသာတွေ့ မြင်အောင်လုပ်ဆောင်နိုင်တဲ့အတွက် ကြော်ငြာစရိတ်အလေအလွင့် လုံးဝ မဖြစ်ပါဘူး။ နောက်ပြီးတော့ ကိုယ့်ရဲ့ကြော်ငြာက တစ်ကယ် Click အနှိပ်ခံရပြီး၊ Customer က Website ကို တစ်ကယ်ဝင်ရောက်ကြည့်ရှုမှသာ Click တစ်ချက်စာ ကျသင့်ငွေကို ပေးချေရမှာပါ။ SEO နှင့်မတူဘဲ ကိုယ်လိုချင်သော စကားလုံး (keyword) နဲ့ကိုယ့်ရဲ့ ဝက်(ဘ်)ဆိုက်ကို တမဟုတ်ချင်းဆိုသလို၊ မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အတွင်း Google ရဲ့ ထိပ်ဆုံးစာမျက်နှာမှာ ပေါ်အောင်လုပ်ဆောင်နိုင်ပါတယ်။ အဆက်မပြတ်ဝင်လာမယ့် Customer တွေရဲ့ဖုန်းကို ဖြေဆိုဖို့သာ အသင့်ပြင်ထားလိုက်ပါ။

ရလဒ် ဦးစားပေးသော SEM
Search Engine Marketing (PPC)

လူကြီးမင်းရဲ့ PPC Campaign များကို Google အသိအမှတ်ပြုလက်မှတ်ရ ပညာရှင်များကိုယ်တိုင်သာ စီမံခန့် ခွဲခြင်းဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာခြင်း၊ ကိုယ်လိုချင်တဲ့ Customer အမျိုးအစားကိုသာ အဓိကထားဦးတည်ရွေးချယ်နိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာစွာဖြင့် အောင်မြင်ထိရောက်စွာကြော်ငြာနိုင်ခြင်း အကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါတယ်။ လူကြီးမင်းရဲ့ Online Marketing ထည့်ဝင်ရင်းနှီးမှုထက် ထိုက်တန်သာလွန်တဲ့ ရလာဒ်ကောင်းဖြစ်လာဖို့ ကျနော်တို့ SEOMyanmar က အပြည့်အဝတာဝန်ယူပါတယ်။ အင်တာနက်ခေတ်မှာ လူကြီးမင်းရဲ့ ပြိုင်ဘက်ဟာ (Click) တစ်ချက်စာအကွာအဝေးမှာ အမြဲတမ်းရှိနေတယ်ဆိုတာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ ကျနော်တို့ Agency မှ လူကြီးမင်း Website အတွက် SEM ဝန်ဆောင်မှုကို အာမခံနဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်။ စဉ်းစားတွေဝေခြင်းဟာ နှောင့်နှေးကြန့်ကြာမှုကို ဖြစ်ပေါ်စေပါတယ်။ ကဲ... အခုပဲ SEOMyanmar – (01) 2303270 ကိုဆက်သွယ်လိုက်ကြပါစို့။

Our SEM works

Columbus travel & tours

Columbus Travel ရဲ့ Web Traffic တွေက Google algorithm ရဲ့ Upgrade တစ်ခုဖြစ်တဲ့ Hummingbird အပြီးမှာ တော်တော်လေးကို ကျဆင်းခဲ့ပါတယ်။ ဒီလိုဖြေရှင်းချက်မပေးနိုင်၊ မကျွမ်းကျင်တဲ့နည်းပညာနဲ့ ဝန်ဆောင်မှုမကောင်းတဲ့ ကုမ္ပဏီကြောင့် ပိုင်ရှင်ကို စိတ်အနှောင့်ယှက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ SEOMyanmar နဲ့တွေ့ခဲ့ပြီး ကျဆင်းနေတဲ့ရလဒ်တွေရဲ့ အဓိကပြဿနာတွေကို ဖော်ပြခဲ့ပြီး Website တစ်ခုလုံး Google Friendly ဖြစ်လာအောင်ပြန်လည်ပြုပြင်ခဲ့ပြီး ရလဒ်ကောင်းတဲ့ Website တစ်ခုဖြစ်လာအောင် SEO,SEM Campaign တွေပြုလုပ်ပေးခဲပါတယ်။

  • SEM

PTI Company Limited

လုပ်ငန်းသုံးမီးစက်တွေ ဆက်စပ်ပစ္စည်းတွေ ရောင်းချ ဖြန့်ဖြူးတဲ့အပြင် အခြား ဝန်ဆောင်မှုတွေဖြစ်တဲ့ မီးစက်တပ်ဆင်ခြင်း၊ ငှားရမ်းခြင်း၊ ပြင်ဆင်ခြင်း စတဲ့အရာတွေကို ထောက်ပံ့တဲ့ မြန်မာနိုင်ငံမှာအကြီးမားဆုံး PTI က ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီနဲ့ လက်တွဲပြီး အွန်လိုင်းမှာ လုပ်ငန်းကိုကြော်ငြာဖို့ဖြစ်လာပါတယ်။ SEOMyanmar မှနည်းပညာကျွမ်းကျင်ပညာရှင်များက PTI Marketing team နဲ့ပူးပေါင်းတိုင်ပင်ပြီး အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးကြော်ငြာဝန်ဆောင်မှုကိုအကြံပေးခဲ့ပါတယ်။ လက်ရှိ campaign ကကြော်ငြာဆဲဖြစ်သော်လည်း ရလဒ်ကောင်းတွေရအောင် SEOMyanmar ကလုပ်ဆောင်ပေးနေပါတယ်။

  • SEM