logo
myanmar
seo
What is SEO

SEO ဆိုတာဘာလဲ…

SEO ရဲ့အရှည်ခေါက်ကတော့ Search Engine Optimization ပါ။ အရိုးရှင်းဆုံး ဖွင့်ဆိုရရင်တော့ဝက်(ဘ်)ဆိုက်တစ်ခု ကို Google က အပြည့်အဝနားလည်ပြီး လူတွေရှာဖွေလိုက်တိုင်း ထိပ်ဆုံးစာမျက်နှာမှာပေါ်အောင် သဘာဝအတိုင်းတွန်းပို့ပေးခြင်း လုပ်ငန်းရပ်ဖြစ်ပါတယ်။ သဘောသဘာဝအရဆိုလျှင်တော့ လူကြီးမင်းရဲ့ Website ဟာ ထိပ်ဆုံးစာမျက်နှာမှာ မကြာခဏပေါ်လေလေ၊ ဝင်ရောက်ကြည့်ရှုသူဦးရေများလာလေလေဖြစ်ပါတယ်။ လုပ်ငန်းအပေါ် ယုံကြည်မှုပိုလာပြီး ကျော်ကြားလာတဲ့အတွက် Customer များတိုးပွားစေပါတယ်။ စီးပွားရေးတိုးတက်အောင်မြင်စေရန်အတွက် ရိုးရှင်းလှသော ခေတ်ပေါ် Customer ရှာဖွေခြင်းနည်းဗျူဟာတစ်ခုပါပဲ။

မြန်မာနိုင်ငံမှာ ဘာကြောင့် SEO လိုပြီလဲ…

ပြောင်းလဲတိုးတက်လာပြီဖြစ်တဲ့ ကျနော်တို့ရဲ့မြန်မာနိုင်ငံမှာ အင်တာနက်နဲ့နည်းပညာတိုးတက်မှုက စီပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ကဏ္ဍ တစ်ရပ် ဖြစ်လာပါတယ်။ Digital Marketing ဟာ ဒီနေ့ ခေတ်လုပ်ငန်းများအတွက် အောင်မြင်မှုရဲ့အဓိကအုတ်မြစ်လို့ ဆိုရလောက်အောင်ကိုပဲ အင်တာနက်သုံးစွဲသူများဟာလဲ တစ်ရှိန်ထိုးတိုးတက်များပြားလာပါတယ်။ “ SEO ဟာ သမားရိုးကျ ကြော်ငြာစရိတ်နဲ့ နှိုင်းယှဉ်ရင် ကုန်ကျစရိတ်အသက်သာဆုံး၊ ထိရောက်မှုအရှိဆုံးသော ရေရှည် Internet Marketing လမ်းကြောင်းဖြစ်ပါတယ်။”

What is SEO
SEOMyanmar နဲ့ စတင်ပါ

အောင်မြင်တဲ့ SEO Campaign ဖြစ်ဖို့ဆိုရင် ကိုယ်ရဲ့ Website ကို ဂူးဂဲ(လ်) Friendly ဖြစ်အောင် အရင်ဆုံးပြုလုပ်ရပါမယ်။ ဆီလျော်တဲ့ စကားစုရှာဖွေမှု (Keyword Research) မှ စလို့၊ ကြည့်ရှုသူဦးရေ တိုးတက်လာမှုတို့ကိုပါ စောင့် ကြပ်ကြည့်ရှု သတင်းပို့ပေးမှာဖြစ်ပါတယ်။ အမှန်တစ်ကယ်တတ်ကျွမ်းနားလည်မှု၊ သမာသမတ်ကျကျနဲ့ ပွင့်လင်းရိုးသားစွာ အောင်မြင်မှုရယူနိုင်မှုတွေကသာ SEO ပညာရှင်တွေရဲ့မှတ်ကျောက်တွေဖြစ်ပြီး၊ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အဖြေထွက်မှာပါ။

Our SEO works

Columbus travel & tours

Columbus Travel ရဲ့ Web Traffic တွေက Google algorithm ရဲ့ Upgrade တစ်ခုဖြစ်တဲ့ Hummingbird အပြီးမှာ တော်တော်လေးကို ကျဆင်းခဲ့ပါတယ်။ ဒီလိုဖြေရှင်းချက်မပေးနိုင်၊ မကျွမ်းကျင်တဲ့နည်းပညာနဲ့ ဝန်ဆောင်မှုမကောင်းတဲ့ ကုမ္ပဏီကြောင့် ပိုင်ရှင်ကို စိတ်အနှောင့်ယှက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ SEOMyanmar နဲ့တွေ့ခဲ့ပြီး ကျဆင်းနေတဲ့ရလဒ်တွေရဲ့ အဓိကပြဿနာတွေကို ဖော်ပြခဲ့ပြီး Website တစ်ခုလုံး Google Friendly ဖြစ်လာအောင်ပြန်လည်ပြုပြင်ခဲ့ပြီး ရလဒ်ကောင်းတဲ့ Website တစ်ခုဖြစ်လာအောင် SEO,SEM Campaign တွေပြုလုပ်ပေးခဲပါတယ်။

  • SEO