logo
myanmar
web

Website တည်ဆောက်ခြင်း

သတင်းအချက်အလက်တစ်ခုအတွက် ဟိုလူမေး၊ ဒီလူမေးခေတ်က တဖြည်းဖြည်းနဲ့ကုန်ဆုံးလို့လာနေပါပြီ။ လိုချင်တာ၊ သိချင်တာတစ်ခုကို ဖုန်းလေးထုတ်ပွတ် ရှာလိုက်ရုံနဲ့ ရနိုင်တဲ့ ဒီနေ့ခေတ်ကြီးထဲ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို ကိုယ်စားပြုတဲ့ Website လေးတစ်ခုတောင်မှ မရှိခဲ့ရင် လူကြီးမင်းရဲ့ အခွင့်အရေးတွေနေ့စဉ်နဲ့အမျှ လက်လွှတ်ဆုံးရှုံးနေရမှာပါ။ Website ဆိုတာ အင်မတန်မှ အားကောင်းတဲ့ မားကတ်တင်းလက်နက်ဖြစ်ပါတယ်။ Website ရှိတဲ့အတွက် Customer က ပိုလို့ယုံကြည်စိတ်ချတယ်။ Website က မဖျားနာဘူး၊ ခွင့်မယူဘူး၊ ၂၄ နာရီလုံး မအိပ်စက်ဘဲ လူကြီးမင်းအတွက် အလုပ်လုပ်ပေးတယ်။ ကဲ…. သူ့ထက်ကောင်းတာ ဘာရှိလဲ။

What is Website Development
ဘာကြောင့် SEOMyanmar ကိုရွေးသင့်သလဲ
web stacks

ကျနော်တို့ဟာ SEO Marketing အတွက်အဆင်သင့်ဖြစ်တဲ့ Website ကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာကို တတ်ကျွမ်းနားလည်ထားပါတယ်။ ဒါဟာ အခြားသော Website Agency များထက်အားသာချက်ဖြစ်ပြီး၊ တစ်ခါတစ်လေ Website ဆောက်ပြီးတော့မှ SEO အတွက် နောက်တစ်ကြိမ် Website ပြန်လည်တည်ဆောက်ရခြင်း အန္တရာယ်မှ ကင်းဝေးမှာပါ။

Content Management System (CMS) လို့ခေါ်တဲ့ ရိုးရှင်းလွယ်ကူပြီး၊ Customer ကိုယ်တိုင်တည်းဖြတ်နိုင်တဲ့ ဝက်(ဘ်)ဆိုက်မျိုးကို Customer လိုချင်တဲ့ ဒီဇိုင်းအတိုင်းရေးဆွဲတည်ဆောက်ပေးပါတယ်။ ပြီးရင် Customer ကိုယ်တိုင်တည်းဖြတ်ထိန်းသိမ်းနိုင်အောင်လည်း သင်ကြားပြသပေးဦးမှာပါ။

ဆန်းသစ်လှပပြီး လုပ်ဆောင်ချက်ပြည့်ဝတဲ့ ဝက်(ဘ်)ဆိုက်ကောင်းတစ်ခုဟာ လူကြီးမင်းလုပ်ငန်းစုရဲ့ ပြယုခ်တစ်ခုဖြစ်သလို၊ ငွေအိုးကြီးတစ်လုံးလဲဖြစ်နေတယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုရမှာပါ။

SEOMyanmar offers:
Search Engine Friendly Website

SEO Marketing အတွက်အဆင်သင့်ဖြစ်တဲ့ Website များသာတည်ဆောက်ပေးခြင်း

Dedicated, Professional Skills & Services

ကျွမ်းကျင်ပညာရှင်များရဲ့ ဝန်ဆောင်မှု

Creative & Appealing Designs

ဖန်တီးမှု ဒီဇိုင်း (Perfect Website Design)

Fast & Easy Management CMS Websites

Customer ကိုယ်တိုင် လွယ်ကူရိုးရှင်းစွာ တည်းဖြတ်နိုင်သော CMS ဝက်(ဘ်)ဆိုက်များ

Quality Customer Service & Training

ထိန်းသိမ်းတည်းဖြတ်နိုင်အောင် အခမဲ့ သင်ကြားပေးခြင်း

Competitive Pricing

စျေးနှုန်းသင့်တင့်မျှတမှု

After Sales Service Support

ပြုပြင်ထိန်းသိန်းရေးဝန်ဆောင်မှု

Our website works

Ar Yu international hospital

AR YU နိုင်ငံတကာအဆင့်မြင့်ဆေးရုံကတော့ သူတို့ကို အရင်က Website ဆွဲပေးတဲ့ ကုမ္ပဏီက တာဝန်ရှိတဲ့သူနဲ့ အဆက်သွယ်လုပ်တဲ့အခါအဆင်မပြေမှုတွေ၊ ဝန်ဆောင်မှုမကောင်းခဲ့တာတွေစတဲ့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒီအချက်တွေကြောင့် လူနာတွေရဲ့ Online ကနေဆက်သွယ်ဖို့ အခက်ခဲတွေ၊ ကိုယ်ရှာချင်တဲ့ ဆရာဝန်တွေ၊ ကြိုတင်စရင်းပေးသွင်းမှုလုပ်ခြင်းတွေအတွက်လည်း အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ ဒီအခက်အခဲတွေကိုဖြေရှင်းဖို့အတွက် AR YU ဟာ ယုံကြည်စိတ်ချရပြီး အရေးအသွေး ပြည့်မှီတဲ့ Web Development Provider ရှာဖွေခဲ့ပါတယ်။ ကျနော်တို့ SEOMyanmar ကတော့ သူလိုအပ်နေတဲ့ Web Development Challenge တွေကိုအကောင်းဆုံး ဖြေရှင်းပေးခဲ့ပြီး လူနာတွေရဲ့ Online ကနေအဆင်ပြေပြေလုပ်ဆောင်နိုင်အောင်လို့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးခဲ့ပါတယ်။

Our Solution
  • Website Development
  • Website Development

Timescity

Timescity က သူရဲ့အဆင့်မြင့် ရုံးခန်းတာဝါ၊ ခေတ်မှီဇိမ်ခံကွန်ဒို၊ Service Apartment တွေကိုဒီဇိုင်းကောင်းမွန်တဲ့ Website ကနေတဆင့် Client တွေဆီကိုပြသဖို့အတွက် ရည်ရွယ်ခဲ့ပါတယ်။ အွန်လိုင်းရဲ့ထိရောက်တဲ့အကျိုးသက်ရောက်မှုကို သိရှိထားတဲ့ Timescity က သူတို့ရဲ့ သူများနဲ့မတူတဲ့ ထူးခြားတဲ့အချက်တွေကို ချပြဖို့ နဲ့ စျေးဝယ်သူတွေအတွက်အဆင်ပြေစေမယ့် Platform တစ်ခုကိုတည်ဆောက်ဖို့ဖြစ်လာ ပါတယ်။ SEOMyanmar ရဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ Website ဆောက်ပေးမှုက Timescity အတွက် အသုံးပြုရလွယ်ကူပြီး သတင်းအချက်အလက်ပြည့်စုံတဲ့ Website တစ်ခု ရရှိစေခဲ့ပါတယ်။ ဒီ Website ကို တည်ဆောက်ထားတဲ့အထဲမှာ ပါဝင်တဲ့ သပ်ရပ်လှပသော အပြင်အဆင်၊ ထိရောက်သေသပ်တဲ့ Content များ၊ Device မျိုးစုံနဲ့ ကြည့်ရင်လဲ အံဝင်ခွင်ကျ ဖြစ်စေခြင်းတွေကို SEOMyanmar ကဖန်တီးပေးခဲ့ပါတယ်။

Our Solution
  • Website Development
  • Website Development

Kyaw Thar Engineering and Construction Group (KTECG)

Kyaw Thar အင်ဂျင်နီယာ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းက မြန်မာနိုင်ငံမှာ အကြီးမားဆုံး၊ စျေးကွက်မှာကြာရှည်ဆုံးရပ်တည်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အရင်က Kyaw Thar ကအီးမေးလ် အသုံးပြုမှုနဲ့ပတ်သတ်ပြီး အဆင်မပြေမှုတွေရှိခဲ့ပါတယ်။ ပြီးတော့ ခေတ်မီဆန်းသစ်တဲ့ website တစ်ခုကိုလုပ်ချင်ခဲ့ပါတယ်။ SEOMyanmar ကအီးမေးလ်အတွက် အကောင်းဆုံးဖြေရှင်းပေးခဲ့ပြီး နောင်အွန်လိုင်းမှာ ကြော်ငြာဖို့အဆင်ပြေဖို့အတွက်ပါ website ကောင်းတစ်ခုကိုလုပ်ပေးခဲ့ပါတယ်။

Our Solution
  • Website Development
  • Website Development

Delta Science

ဆေးခန်းသုံး၊ သုတေသနသုံး၊ စက်ရုံသုံး ဓာတ်ခွဲပစ္စည်းတွေ ဖြန့်ဖြူးရောင်းချတဲ့ Delta Science ကုမ္ပဏီက ရုံးတွင်းအီးမေးလ်သုံးရတဲ့ အဆင်မပြေမှုတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီက အဆင်ပြေမယ့် web platform တစ်ခုကိုဆောက်လုပ်ဖို့ဖြစ်လာပါတယ်။ ဒီ platform ကို ကုမ္ပဏီကပစ္စည်းတွေ အွန်လိုင်းမှာရောင်းချချင်ရုံသာမက အသုံးပြုသူတွေလွယ်လွယ်ကူကူ ရှာဖွေနိုင်အောင်ရည်ရွယ်ပါတယ်။ ဒါတွေအကုန်လုံးအဆင်ပြေစေဖို့ SEOMyanmar ကအီးမေးလ်အသုံးပြုဖို့ အဆင်ပြေစေရုံသာမက website အသုံးပြုသူတွေပါအဆင်ပြေစေဖို့ platform ကိုတည်ဆောက်ပေးခဲ့ပါတယ်။

Our Solution
  • Website Development
  • Website Development