13 May 2019
ဒီတစ်ခေါက် ဝေမျှပေးသွားမှာကတော့ Top Ten Social Media Site တွေအကြောင်းပဲ ဖြစ်ပါတယ်။ ယခုရရှိထားတဲ့ အချက်အလက်တွေက 23 December 2018 က ရရှိထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ Digital Marketingကို ကျယ်ပြန့်စွာ သုံးနေကျပြီးတော့... လူသုံးများတဲ့ Social Media Site တွေကို လုပ်ငန်းခွင်နဲ့ ပတ်သတ်တာပဲ ဖြစ်ဖြစ်၊ ဗဟုသုတ အနေနဲ့ သိရှိနိုင်ဖို့ အတွက် ဝေမျှပေးသွားခြင်း ဖြစ်ပါတယ်...
-Facebook
Facebook ကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး Social Networking Site တစ်ခု ဖြစ်သလို လူသုံးအများဆုံး Social Network တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း Facebook က လူသုံးအများဆုံး Social Media Site/App တစ်ခုလို့ ပြောနိုင်ပါတယ်။ Messaging, Posting အစရှိတဲ့ Option တွေကြောင့် Facebook ကို အသုံးပြုတဲ့ User တွေက Entertainment အတွက် အသုံးပြုကြပါသလို... တစ်ချို့ User မိမိလုပ်ငန်းက Product တွေကို Market တစ်ခုသဖွယ် Online ပေါ်ကပဲ ရောင်းချတဲ့ User တွေလည်း ရှိပါတယ်။ Company အကြီးတွေကလည်း သူတို့ Businessကို Promote လုပ်ချင်ရင်လည်း Business Page တွေ တည်ဆောက်ပြီး Promote လုပ်ကြပါတယ်။ Facebook ကသုံးတတ်ရင် အကျိုးအမြတ် အများကြီး ရှိသလို မသုံးတတ်ရင်တော့ ဆိုးကျိုးတွေဖြစ်လာတတ်ပါတယ်။ လက်ရှိ Facebook ရဲ့ လစဉ်အသုံးပြုသူ အရေအတွက်ဟာ ဆိုရင် 2 Billion ကျော် ရှိနေပါပြီ။
-WhatsApp
2014 ခုနှစ်မှာ Facebook ကနေ ဝယ်ယူခဲ့သော်လည်း သီးခြားလွတ်လပ်တဲ့ Instant Messaging Platform အနေနဲ့ ရပ်တည်နေဆဲပါ။ Facebook နောက်မှ ပေါ်လာသော်လည်း လူသန်းပေါင်းများစွာက ယုံယုံကြည်ကြည်နဲ့ အသုံးပြုနေဆဲ Messaging Platform လို့ပြောလို့ရပါတယ်။ လက်ရှိ WhatsApp ရဲ့ လစဉ်အသုံးပြုသူ အရေအတွက်ဟာ ဆိုရင် 1 Billion ခန့် ရှိနေပါပြီ။
-QQ
Tencent QQ အများစုကတော့ QQ လို့သိရှိပါတယ်။ ဒီ QQ က တရုတ်နိုင်ငံရဲ့ Instant Messaging Social Media Platform တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ QQ App ကို နိုင်ငံတကာ( နိုင်ငံ ၈၀ ကျော်) မှာတော့ လက်ရှိအသုံးပြုနေတယ်လို့ လည်း သိရှိရပါတယ်။ တရုတ်နိုင်ငံ က ပိတ်ထားတဲ့ Site တွေအများအပြားရှိတဲ့အတွက် QQ က Messaging, Video Calls နဲ့ Voice Chat တွေအတွက် အဓိက အသုံးပြုတဲ့ Social Media Platform တစ်ခုလို့ ပြောနိုင်ပါတယ်။ လက်ရှိ QQ ရဲ့ လစဉ်အသုံးပြုသူ အရေအတွက်ဟာ ဆိုရင် 853 Million ခန့် ရှိနေပါပြီ။
-WeChat
ဒီ App ဟာလဲ WhatsApp လိုပဲ တစ်နေရာထဲမှာပဲ Message ပို့တာဒါမှမဟုတ် ဖုန်းခေါ်တာ တဲ့ Communication တွေကိုသင်ရွေးချယ်ဆယ်သွယ်လိုတဲ့သူတွေနဲ့ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ App ကို Tencent ကနေ China မှာ Developed ပြုလုပ်ခဲ့ပြီး QQ နဲ့လဲအလွယ်တကူတွဲပြီး အလုပ်လုပ်နိုင်ပါတယ်။Bi intelligent ရဲ့ Report တွေအရတော့ WeChat User အရေအတွက်ဟာ ဟာ WhatsApp User အရေအတွက်ကိုအမြန်အမှီလိုက်နိုင်တဲ့ အနေအထားအထိရှိနေပါပြီ။
-Instagram
Instagram ကတော့ Smart ဖြစ်တဲ့ Social Networking Platform တစ်ခုလို့ မြင်မိပါတယ်။ Photo နဲ့ Video တွေ Sharing လုပ်သွားပြီး သင့်ရဲ့ မမေ့နိုင်တဲ့ အမှတ်တရတွေကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်မယ် နေရာတစ်ခု ဆိုလည်းမမှားပါဘူး။ Instagram အသုံးပြုသူ အများစုက လူငယ် User တွေပိုများတာကိုလည်း သိရှိရပါသေးတယ်။ ါဟာဖြစ်နိုင်ချေရှိပါတယ် ဘာလို့လဲဆိုတော့ Instagram ဟာ သင့်ရဲ့ Photos တွေကိုပြုပြင်ဖို့ Filter မျိုးစုံကို အသုံးပြုနိုင်တဲ့အပြင် အခြား Popular Social Media Site တွေဖြစ်တဲ့ Facebook နဲ့ Twitter တွေမှာပါအလွယ်တ ကူတင်နိုင်အောင်ခွင့်ပြုပေးထားတဲ့အတွက်ဖြစ်ပါတယ်။ လက်ရှိ Instagram ရဲ့ လစဉ်အသုံးပြုသူ အရေအတွက်ဟာ ဆိုရင် 853 Million ခန့် ရှိနေပါပြီ။
ဖော်ပြခဲ့တဲ့ Site တွေကတော့ လက်ရှိမှာ လူသုံးများနေတဲ့ Social Media Site တွေဖြစ်ပြီး မိတ်ဆွေတို့ရော ဘယ် Site တွေသုံးရတာပိုမိုနှစ်သက်လဲ ဘာကြောင့်လဲဆိုတာ ပြောသွားပါဦး။
Ref - makeawebsitehub