01 Feb 2021
လက်ရှိအချိန်မှာ Digital Marketing နယ်ပယ်ဟာလည်း ကျယ်ပြန့်စွာ ကြီးမားလာပြီး Business တွေအောင်မြင်မှုရရှိလာဖို့ အတွက် Strategy မျိုးစုံနဲ့ လုပ်ဆောင်နေကျပြီဖြစ်ပါတယ်။ ယခုတစ်ခေါက် ဖော်ပြပေးသွားမဲ့ အကြောင်းအရာကတော့ Digital Marketing နယ်ပယ်ထဲမှာပါဝင်တဲ့ Email Marketing အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်...
1.ကိုယ့်ရဲ့ Email အတွက် လိုအပ်တဲ့ Campaign တွေ Design နဲ့ Message တွေကို သက်ဆိုင်ရာဈေး ကွက်ကိုအခြေခံပြီး ဖန်တီးရွေးချယ်ပါ။ တိုတိုနဲ့လိုရင်းရောက်တဲ့ပြေပြစ်ချောမွေ့တဲ့ Email တစ်ဆောင်ဖြစ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Email ဟာဆွဲဆောင်မှုရှိတဲ့ Message တွေ Image Design တွေပါဝင်ဖို့ အရေးကြီး ပါတယ်။
2.ဖန်တီးရေးသားပြီးသားအကြောင်းအရာတွေကို Browser ကနေတစ်ဆင့်သေချာစီစစ်ပါ။ ကိုယ့်ရဲ့ Device ကိုသေချာ Check လုပ်ပါ။ Client တွေဆီကိုပေးပို့ရမှာအမှားအယွင်းမပါအောင်ဂရုစိုက်ရပါမယ်။
3.ချက်ချင်းပေးပို့ဖို့လိုအပ်တဲ့ Email တွေကိုအလျင်အမြန်ပေးပို့ပီး Schedule ချဖို့လိုအပ်တာတွေကို အချိန်တိတိကျကျလုပ်ဆောင်ပါ။ ကိုယ့်ရဲ့ Client နဲ့ Subscriber တွေကိုအလေးထားပါ။ Subscriber တွေကို အလေးအနက်ထား ပေးခြင်းက သင့်လုပ်ငန်းကို Subscriber တွေပိုမို ယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။
4.Mail လက်ခံရရှိသူတွေရဲ့လုပ်ဆောင်မှုတွေကိုတိုင်းတာပြီး Track လုပ်ပါ။ Email Client တွေဒါမှမဟုတ် Mail လက်ခံရရှိသူတွေရဲ့ Activity တွေကိုသေချာစီစစ်ပါ။ ကိုယ်ပို့လိုက်တဲ့ Email ကိုနှစ်သက်ရဲ့လား စိတ်ဝင်စားမှုရှိသလား ဘာတွေပြင်ဆင်ဖို့လိုအပ်လဲ စသဖြင့်သိဖို့လိုအပ်ပါတယ်။
5.ကိုယ့်ရဲ့ Email Client တွေရဲ့တုံ့ပြန်မှုတွေ Social မှာ Sharing လုပ်တာတွေ စတဲ့အချက်တွေကို အကျဉ်းချုပ်ပြီး Report ပြုလုပ်ပါ။ ယခုလို Report ပြုလုပ်ထားခြင်းက Remarketing ပြုလုပ်နိုင်ဖို့ အတွက်လည်း အသုံးဝင်နိုင်မှာဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေကတော့ Digital Marketing နယ်ပယ်ထဲမှာပါဝင်တဲ့ Email Marketing အကြောင်းပဲ ဖြစ်ပါတယ်။