06 May 2019
မိတ်ဆွေ Social Network တစ်ခုဖြစ်တဲ့ LinkedIn မှာ သင့်ရဲ့ Business Brand အတွက် အချိန်တွေ ရင်းနှီးထားပါသလား? ဒီ LinkedIn မှာက Business စိတ်ဝင်စားသူတွေ၊ လုပ်ငန်းပိုင်ရှင်တွေ အစရှိတဲ့ Business ကို စိတ်ဝင်စားတဲ့ User တော်တော်များများရှိကြတဲ့ အတွက် B2C Marketing ပိုင်းအတွက်
တော်တော် Engage ကောင်းတဲ့ Social Network တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး User အနေနဲ့ဆိုရင် LinkedIn Member ပေါင်း 610 Million အထက်မှာရှိပါတယ်ပြီး Decision-Making Position နဲ့ Member 40 Million လောက်ပါရှိနေတဲ့ အတွက် Business Run ဖို့လုပ်နေတဲ့ မိတ်ဆွေတွေ၊ Business လေ့လာချင်တဲ့ မိတ်ဆွေတွေ အနေနဲ့ LinkedIn ကိုသုံးသင့်ပါတယ်။ ဒါကြောင့် LinkedIn မှာအကောင်းဆုံး Business ရလဒ်တွေ ရရှိစေမယ့် နည်းလမ်းအချို့ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်...
- သင့်ရဲ့ Business Website Traffic ရရှိစေဖို့ အတွက် သင့်ရဲ့ Blog Post တွေကို Creative ဖြစ်အောင် ဖန်တီးပြီး၊ Promote လုပ်ပေးပါ။ Video နဲ့ Image တွေကလည်း သင့် Business အတွက် အကောင်းဆုံး Traffic Engagement ရရှိစေမှာ ဖြစ်လို့ Post ဖန်တီးရာမှာ ထည့်သုံးပေးဖို့ အကြံပေးပါတယ်။ Video နဲ့ Image တွေက User ရဲ့ Visual Engagement ပါထပ်မံ ရရှိစေပါသေးတယ်။
- LinkedIn က ပထမဆုံးထွက်ခဲ့တဲ့ Business-Oriented Social Network လိုတောင်ပြောနိုင်တဲ့ အတွက် Active ဖြစ်ဖြစ် သုံးပေးဖို့တော့ လိုအပ်ပါတယ်။ မိတ်ဆွေတို့ရဲ့ Business နဲ့ သက်ဆိုင်တဲ့ Post တွေ၊ Influencer တွေရဲ့ Post တွေ Sharing လုပ်ပေးခြင်း အစရှိတဲ့ Activity တွေပြုလုပ်ပေးခြင်းက ခိုင်မာတဲ့
Social Relationship တစ်ခုစတင် ဖန်တီးဖို့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
- Audience တွေအတွက် Discussion နဲ့ Answer Question လုပ်ပေးခြင်းကလဲ သင့် Business ကို အမှန်တကယ် စိတ်ဝင်စားတဲ့ Audience တွေနဲ့ ကောင်းကောင်း Communicate လုပ်နိုင်မှာ ဖြစ်ပြီး သင့်လုပ်ငန်း လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံး Post တွေဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်က Audience ကိုဂရုစိုက်ရာကြတဲ့ အတွက် ဒီအချက်ကို မကြာမကြာ ပြုလုပ်ပေးဖို့ အကြံပြုပါတယ်။
- သင့် Competitors တွေရဲ့ Post တွေကို Research လုပ်ပေးခြင်း၊ လုပ်ဆောင်ချက်တွေကို အကဲခတ်ခြင်းအစရှိတဲ့ Tracking လိုက်ခြင်းတွေနဲ့ Business Trend တွေကို Research လုပ်ပေးခြင်းကလည်း သင့် Business အတွက် ပြုလုပ်သင့်တဲ့ အချက်တွေကို တွေ့ရှိနိုင်တဲ့ အတွက် ဒီအချက်ကလည်း လုပ်ဆောင်သင့်
တဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။
အထက်ပါ နည်းလမ်းတွေကို လေ့လာကြည့်ရှုပြီး မိတ်ဆွေရဲ့ Business Brand အတွက် အကောင်းမွန်ဆုံး Strategy နဲ့ အောင်မြင်မှုရလဒ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Ref - socialmediatoday