29 Aug 2019
အခုချိန်မှာ Unicode တွေ Zawgyi တွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြချိန်မှာ သင်လဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားသင့်တယ်နော်။ အောက်တိုဘာ (၁) ရက်နေ့မှာ အစိုးရအဖွဲ့အစည်းတွေ၊ Operator တွေအကုန်လုံးက Unicode စနစ်ကို စတင်အသုံးပြုကြတော့မှာပါ။ လက်ရှိအချိန်မှာ Unicode ကိုပြောင်းသုံးနေသူတွေနဲ့ Zawgyi ကိုပဲသုံးနေသူတွေဆိုပြီး အငြင်းပွားမှုတွေကိုလည်း တွေ့နေရပါတယ်။ တချို့တွေကလည်း နှစ်မျိုးစလုံး မြင်နေရတတ်တာတွေကို တွေ့ရပါတယ်။ နှစ်မျိုးလုံးမြင်နေတဲ့ အကြောင်းရင်းကလည်း Facebook မှာသာမြင်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Facebook က Unicode နဲ့ Zawgyi ကို Auto Convert လုပ်ပေးနေတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ ဒီအချက်ကို သိရှိနိုင်တာကတော့ အခြား Platform တွေဖြစ်တဲ့ Viber, Operator SMS တွေမှာ ကြည့်နိုင်ပါတယ်။
ကြိုတင်ပြင်ဆင်မှုတွေ အနေနဲ့ဘာတွေလုပ်ထားသင့်လဲဆိုရင်တော့ Android, iOS တွေမှာပါဝင်တဲ့ Default Language တွေမှာ မြန်မာစာ (Burmese) ဆိုတာကိုပါ ပြောင်းထားလို့ရပါတယ်။ မရသေးဘူးဆိုတဲ့ ဖုန်းတွေကို သက်ဆိုင်ရာ Company တွေကနေ ဒီကိစ္စနဲ့ ပတ်သက်တဲ့ Update တွေကို ပေးသွားမှာ ဖြစ်ပါတယ်။ Zawgyi ကနေ Unicode ကို ကူးပြောင်းကာစ အချိန်ဖြစ်တဲ့အတွက် စာရိုက်ရတာ အခက်အခဲ အနည်းငယ် ရှိနိုင်ပေမယ့်
နောက်ပိုင်းမှာ Zawgyi ကိုရိုက်နေကျအတိုင်း အသားကျသွားမှာပါ။ Keyboard တွေထဲမှာတော့ Unicode ကိုကောင်းကောင်း Support ပေးနိုင်တဲ့ Keyboard တွေရှိပါတယ်။ Google Keyboard ဖြစ်တဲ့ Gboard ဟာဆိုရင်လည်း Unicode အတွက်ကောင်းကောင်းကြီးကို Develop လုပ်ပေးထားပြီး Smart လည်းတော်တော်ဖြစ်ပါတယ်။ Android မှာ မြန်မာသံကိုပါ စာအဖြစ်ပြောင်းလဲပေးနိုင်နေပါပြီ iOS မှာတော့ မြန်မာသံကို စာပြောင်းပေးဖို့ နည်းနည်းတော့ စောင့်ရပါအုံးမယ်။ နောက်ထပ် အသုံးပြုလို့ ကောင်းတဲ့ Keyboard တစ်ခုကို ပြောပြရမယ်ဆိုရင် TTKeyboard ပါ။ TTKeyboard နောက်ဆုံး Version ကို Download ပြုလုပ်ထားမယ်ဆိုရင် ZawCode (Unicode) ကို အသုံးပြုနိုင်ပါတယ်။
ဒီတော့ ကိုယ့်ဖုန်းက Built-in Unicode ပါတယ်ဆိုရင်တော့ Unicode အတွက် Keyboard လောက်ပဲ ထည့်ရမှာပေါ့။ ဒီတော့ ကိုယ့်ရဲ့ ဖုန်းက Unicode Built-in ပါ/မပါ ကိုအောက်က စာကိုနှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။ No ဆိုပြီးပြမယ်ဆိုရင်တော့ Zawgyi ကိုသာ Support ပြီး သင့်ရဲ့ ဖုန်းအတွက် Unicode အတွက်သက်သက်ပြန် Setup လုပ်ဖို့ လိုအပ်ပါတယ်။ Yes ဆိုရင်တော့ Unicode Keyboard မရှိတဲ့သူတွေသာ Keyboard Download လုပ်ရုံပါပဲ။
*Unicode Built-in ပါ/မပါစစ်ရန်*
ဒီ Keyboard တွေပဲ Unicode အတွက် အဆင်ပြေတာလားဆိုရင်တော့ အခြား Unicode အတွက် အဆင်ပြေစေမယ့် Keyboard တွေလည်း ရှိပါသေးတယ်။ ဒါကတော့ သင်ကြိုက်နှစ်သက်တဲ့ Keyboard ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။
ဒီအဆင့်တွေလုပ်ပြီးပေမယ့် Operator တွေကပို့တဲ့ SMS တွေက မမှန်ဘူးဆိုတာတွေလည်း ရှိပါတယ်။ Operator တွေအနေနဲ့က အောက်တိုဘာ (၁) ရက်နေ့မှ စပြီး Unicode နဲ့ ပို့မှာ ဖြစ်ပါတယ်။ Operator SMS တွေကြည့်ပြီး ကိုယ့်ဖုန်းကပဲ Font မမှန်သလိုလို သံသယ တွေလည်း မဝင်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ဖုန်းက Unicode နဲ့ Zawgyi ကိုဘယ်ဟာကို Support လဲ စစ်ဆေးရင်း ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။