logo
myanmar
2019 အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံး Browser များ

2019 အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံး Browser များ

16 Oct 2019

အခုလို Digital ခေတ်မှာ လုပ်ငန်းတိုင်းနီးပါး အင်တာနက်ကို အသုံးပြုပြီး အလုပ်တွေကို လုပ်ကိုင်နေကြပါပြီ။ ဒီလိုပဲ အင်တာနက်ပေါ်မှာ ကိုယ်ရှာဖွေချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေနိုင်ဖို့ ဆိုရင် Browser ကနေရှာဖွေရပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ PC တွေထဲမှာ Install လုပ်ထားသင့်တဲ့ 2019 မှာအကောင်းဆုံးဖြစ်နေတဲ့ Browser တွေကို မိတ်ဆက်ပေးသွားချင်ပါတယ်…


Opera Neon

ဒီ Browser ကတော့ Web Browser တွေထဲမှာ Top-rated အနေနဲ့ ရပ်တည်နေတဲ့ Browser တစ်ခုဖြစ်ပါတယ်။ Opera Neon ရဲ့ထူးခြားချက်လို့ ပြောရမယ့် အချက်တစ်ချက်ကတော့ Browser ရဲ့ New Pages Tab တိုင်းမှာ ကိုယ်စိတ်တိုင်းကျ Icon တွေကို ထည့်ထားလို့ရတာပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ UI ကလည်း ဒီ Browser ကိုလူကြိုက်များစေခဲ့ပါတယ်။


Vivaldi

ဒီ Vivaldi Browser ကတော့ Opera ရဲ့ CEO နဲ့ Co-founder ဟောင်းတစ်ဦးက ဆောက်လုပ်ခဲ့တဲ့ Web Browser တစ်ခုပဲ ဖြစ်ပါတယ်။ User တွေ အင်တာနက်ပေါ်မှာ သိလိုတဲ့ အရာတွေကို အဆင်ပြေချော့မွေ့စွာ ရှာဖွေနိုင်မယ့် Browser
တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Browser ရဲ့ အသွင်အပြင်ကတော့ Classic ဆန်တဲ့ Feature တွေနဲ့ ပြုလုပ်ထားတာကို လည်းတွေ့မြင်နိုင်ပါတယ်။


Torch

Torch ကတော့ Windows 10 Computer တွေမှာပဲ အသုံးပြုနိုင်မယ့် Web Browser တစ်ခု ဖြစ်ပါတယ်။ ဒီ Browser ထဲမှာက Feature တော်တော်များများကိုပါ ထည့်သွင်း တည်ဆောက်ထားတဲ့အတွက် Windows ရွေးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာ Feature တွေပါလဲဆိုရင်တော့... built-in torrent manager, media player, media downloader, ad blocker အစရှိတဲ့ အင်တာနက် အသုံးပြုတဲ့ အခါမှာ အသုံးပြုလေ့ရှိတဲ့ Feature တွေပါဝင်ပါတယ်။


Google Chrome

ဒါကတော့ အင်တာနက်အသုံးပြုသူတိုင်းရဲ့ အချစ်တော် Browser တစ်ခုလို့ရတဲ့ Google Chrome ပဲဖြစ်ပါတယ်။ ဒီ Browser မှာတော့ အကောင်းဆုံး Feature တိုင်းလိုလိုကို တွဲဖက်အသုံးပြုလို့ ရပါတယ်။ လုပ်ငန်းခွင်မှာ အသုံးများတဲ့ Feature တွေဖြစ်တဲ့ Grammarly, Screen Recorder တွေနဲ့ Theme, Extension တွေကို စိတ်တိုင်းကျ အသုံးပြုနိုင်ပါတယ်။ အင်တာနက် အသုံးပြုတဲ့ လူတိုင်းနီးပါးရဲ့ စက်ထဲမှာ ရှိတတ်တဲ့ Web Browser တစ်ခုဆိုရင်လည်း မမှားပါဘူး။


ယခုဖော်ပြပေးခဲ့တဲ့ Browser တွေက 2019 မှာအကောင်းဆုံး ဖြစ်နေတဲ့ Browser တွေဖြစ်ပြီးတော့ အခြားလူသုံးများတဲ့ Web Browser တွေလည်း ရှိသေးတဲ့အတွက် မိတ်ဆွေစိတ်တိုင်းကျကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Recent posts